Friday, October 18, 2013

ဆီးဂိမ်းတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က တာဝန်(၄)ရပ် ထမ်းဆောင်မည်


18 Oct 2013



(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပွဲကြည့် ပရိတ်သတ်များ ဘေးအန္တရာယ် ကင်းရှင်းစေရန် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန် (၄)ရပ်ဖြင့် ထမ်းဆောင် သွားမည် ဖြစ်ကြောင်း ဒုတိယ
ညွှန်ကြားရေးမှူး ဦးတင်မင်းက ပြောကြားခဲ့သည်။ အဆိုပါ တာဝန်(၄)ရပ်မှာ မီးဘေးအန္တရာယ် ကာကွယ်ရေး၊ ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေး၊ ပရိတ်သတ် ထိန်းသိမ်းရေးနှင့် အနိုင်ရ နိုင်ငံများ၏ အလံအား လွှင့်တင်ရေး စသည့် တာဝန်(၄) ရပ်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။ “အဓိကကတော့ မီးဘေး လုံခြုံရေးပေါ့။

ဘယ်မှာလုပ်လဲဆိုရင်အားကစားရုံတွေ၊ အားကစား ကွင်းတွေနဲ့ အားကစားသမား တည်းခိုတဲ့ နေရာတွေမှာ မီးသတိပေးတာတွေ၊ ကာကွယ်ရေး ပစ္စည်းကောင်း၊ မကောင်း စစ်ဆေးတာတွေ လုပ်ပါတယ်”ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ ကယ်ဆယ် ရွှေ့ပြောင်းရေးလုပ်ငန်းတာဝန်တွင်အကြောင်း အမျိုးမျိုးကြောင့် ပရိသတ်များအား ဘေးလွတ်ရာသို့ ပို့ဆောင်ခြင်း၊ ဘေးအန္တရာယ် ဖြစ်သည့် နေရာသို့ ပြန်လည် မရောက်မိစေခြင်း၊ ထွက်ပေါက်များတွင် စုပြုံမှု မရှိစေခြင်းနှင့် သတင်းအမှားးများ မပျံ့လွင့် စေခြင်းတို့ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် တိုင်းဒေသကြီး၊ မြို့နယ် ဌာနချုပ်တို့ရှိ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့များ အနေဖြင့် မီးဘေး ကာကွယ်ရေးနှင့် မီးသတိပြုရေး တို့ကို လေ့ကျင့် ပြင်ဆင်ထားကြောင်း သိရသည်။

No comments:

Post a Comment