အိန္ဒိယနိုင်ငံ ဟိန္ဒူလူမျိုး အများစု နေထိုင်သော နာဂပူမြို့၌ လူတစ်သိန်းကျော်သည် ဟိန္ဒူဘာသာဝင်မှ ဗုဒ္ဓဘာသာဝင်သို့ ကူးပြောင်းခြင်း အခမ်းအနားကို အဆိုပါမြို့ ရှိ ဒေါက်တာအမ်ဘေဒကာ၏ အထိမ်းအမှတ်အဆောက်အဦဝင်းတွင်း၌အောက်တိုဘာ ၁၀ရက်နေ့က ကျင်း ပရာဂယာမြို့မဂဓတက္ကသိုလ်၌
တက်ရောက် နေသောတပည့်ဖြစ်သူအရှင်ဂုဏိဿရ (သာသနဓဇဓမ္မာစရိယ) အပါအဝင် မြန်မာရဟန်းတော် (၁၅)ပါး ထိုင်းရဟန်းတော်(၁၀)ပါးနာဂပူမြို့ခံရဟန်းတော် (၂၀၀)ပါး နှင့်မြို့သူမြို့သား ပရိသတ်ရှစ်သိန်းကျော် တက်ရောက် ကြပါသည်။
ယခင်ပရိသတ်(၁၅)သိန်းခန့်တက်ရောက်ဖို့စီစဉ်ထားသော်လည်းအစ္စလာမ်ဘာသာဝင် အကြမ်းဖက်သမား အချို့ကဗုံးဖေါက်ခွဲမည်ဟုသတင်းလွင့်မှုကြောင့်ထက်ဝက်ခန့်သာ တက်ရောက်ရဲကြောင်းသိရပါသည်။ အခမ်း အနားမှာသရဏဂုံဆောက်တည်ခြင်းဖြင့် ဘာသာခံယူကြပြီးသံဃာတော်များကလည်း ပိဋကသုံးပုံ ရွတ်ဆိုကာ နာဂပူမြို့တပ်မတော်မှလည်းစစ်တီးဝိုင်းဖြင့်ဂုဏ်ပြုပါသည်။ နာဂပူမြို့သည် ရန်ကုန်မြို့ထက်ကြီးမားကြောင်း လည်းသိရှိရပါသည်။
Myanmar Daily net
No comments:
Post a Comment