Monday, October 21, 2013

KIA ကချင်တပ်မတော်မှ ရှမ်းနီအမျိုးသား(၂)ဦးအား အဓမ္မ ဖမ်းဆီးခေါ်ဆောင်


21 Oct 2013


၂၀၁၃ခုနှစ်၊အောက်တိုဘာ(၁၅)ရက်နေ့ည(၉)နာရီအချိန်တွင်ကေအိုင်အေ(KIA) ကချင်လွတ်မြောက်ရေး တပ်မတော် အဖွဲ့ တပ်ရင်း(၅)      လက်အောက်ခံ တိန်ညင်းသူစခန်း   အင်အား(၅) ဦးခန့်တို့မှ    မိုးညှင်းမြို့နယ်
ထန်းတပင်ကျေးရွာ အရှေ့တောင်ကြော မိုးညှင်းမြို့ ရွာသစ်တန်းကျေးရွာ အိမ်အမှတ် (၆၀)နေ စိုက်ခင်းအလုပ်လုပ်ကိုင်သောအဖ-ဦးဝင်းမြင့်(ခ)ထွန်းဝေ အမိ-ဒေါ်နန်းဦးတို့၏ သားမောင်ထွန်းရင်(၂၆)နှစ် ရှမ်းနီလူမျိုး၁/မညန(နိင်)၁၁၄၁၂၇၄နှင့်အဖဦးဖိုးနီ(ကွယ်လွန်) အမိ ဒေါ်မဗျိုင်း၏သား မောင်သိန်းဇော် (ခ)နေဆန်း (၁၉)နှစ် ၁/မညန ၁၆၅၁၉၃ ရှမ်းနီလူမျိုး တို့အားKIAတပ်မတော်မှ လူသစ်စုဆောင်းရန်အတွက် အဓမ္မခေါ်ဆောင်သွားကြောင်း သတင်းရှိပါသည်။ 

 အောက်တိုဘာလ(၈၊၉၊၁၀)ရက်နေ့များတွင် ပြုလုပ်ခဲ့သည့် အစိုးရနှင့် KIO တို့၏သဘော တူညီချက် အချက်များပါကာယကံရှင်၏ဆန္ဒမပါဘဲတပ်ဖွဲ့ဝင်အဖြစ်အဓမ္မစုဆောင်းခြင်း မပြုလုပ်ရန် သဘောတူထား   သော်လည်း ယခုကဲ့သို့ပြုလုပ်နေမှုများ ရှိနေသော်လည်း ယခုကဲ့သို့ အတင်းအဓမ္မစုဆောင်းခြင်းများ ရှိနေကြောင်း သိရသည်။

သျှမ်းနီအမျိုးသားရေး အစည်းအရုံး (စော်ဖွားလေး FB)

No comments:

Post a Comment