Wednesday, October 30, 2013

ရှမ်းမြောက်ဒေသတွင် KIA တပ်ဖွဲ့ဝင် တစ်ဦး အလင်းဝင်ရောက်


30 Oct 2013

KIA ကချင်အဖွဲ့မှ တပ်သားအဆင့်ရှိ တူးဂျာ(၂၄)နှစ်၊(ဘ)ဦးဇော်အောင်၊မိခင် ဒေါ်ရွယ်ဂျာ၊ ကချင်/ ခရစ်ယာန် လွယ်ခေါင်ကျေးရွာမြစ်ကြီးနားမြို့နေသူသည်၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့ ညနေ ၃ နာရီတွင်
 မူဆယ်မြို့ အုပ်ချုပ်ရေးမှူးရုံးသို့ အလင်းဝင်ရောက်ခဲ့ပါသည်။
 တူး၈ျာ ပြောပြချက်အရ ၄င်းသည် KIA ရင်း (၁၁)မှ ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင်   ၄င်းမိဘများနှင့်နေထိုင်စဉ် အတင်းအဓမ္မလူသစ်စုဆောင်းခံခဲ့ရပြီးKIAအဖွဲ့သို့ဝင်ရောက်ခဲ့ရကြောင်း၊  ၄င်းအနေဖြင့်မိသားစုများထံသို့ သာ ပြန်လိုပြီးKIAတွင်တာဝန်မထမ်းဆောင်လိုသောကြောင့်အကြိမ်ကြိမ်ထွက်ပြေးခဲ့ကြာင်း၊ KIA ကချင် အဖွဲ့မှလိုက်လံဖမ်းဆီးပြီးKIA ဗဟိုဌာနချုပ်လိုင်ဇာ အကျဉ်းထောင်တွင်ထိန်းသိမ်းခံခဲ့ရကြောင်းနှင့် ယခုအခါ KIAကချင်အဖွဲ့၏လုပ်ရပ်များနှင့်အတင်းအဓမ္မလူသစ်စုဆောင်းမှုများပြုလုပ်နေသောကြောင့်အလင်းဝင်ရောက် ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ 

သို့ဖြစ်၍ KIA ကချင်အဖွဲ့၏ ပြည်သူများအပေါ် တရားဥပဒေမဲ့လုပ်ရပ် သရုပ်မှန်အား သိရှိနိုင်ရေးဖော်ပြ အပ်ပါသည်။

No comments:

Post a Comment