Friday, October 18, 2013

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်သစ် ငါးနိုင်ငံ ရွေးချယ်


19 Oct 2013

အောက်တိုဘာ၁၇ရက်တွင်ကျင်းပခဲ့သောကုလသမဂ္ဂအထွေထွေညီလာခံတွင်ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂နှစ်သက်တမ်းဝင် နိုင်ငံသစ်  ငါးနိုင်ငံကို  ရွေးချယ်ခဲ့ရာ ချက်ဒ်၊ ချီလီ၊ လစ်သူအေးနီးယား၊ နိုက်ဂျီး ရီးယား၊   ဆော်ဒီအာရေးဗီးယား နိုင်ငံတို့    ရရှိသွားခဲ့သည်။    အဖွဲ့ဝင် နိုင်ငံသစ်များသည်       ၂၀၁၄ခုနှစ် ဇန်န၀ါရီလ
၁ရက်တွင်သူတို့၏၂နှစ်  သက်တမ်းကိုစတင်ရမည်။ လက်ရှိတာဝန်ယူနေသောအဇာဘိုင်ဂျန်၊   ဂွမ်တီမာလာ၊   မော်ရိုကို၊   ပါကစ္စတန်၊ တော်ဂိုနိုင်ငံ များနေရာတွင်   အစားထိုးရမည့်   နိုင်ငံသစ်    ငါးနိုင်ငံကို လျှို့ဝှက်မဲပေး  စနစ်ဖြင့်    ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ နိုက်ဂျီးယားသည် ထောက်ခံမဲ ၁၈၆မဲ၊ ချက်ဒ်သည် ၁၈၄မဲ၊   ဆော်ဒီက ၁၇၆မဲ၊  လစ်သူအေးနီးယားက    ၁၈၇မဲနှင့် ချီလီက ၁၈၆မဲ အသီးသီး ရရှိသွားသည်။

ထိုငါးနိုင်ငံတွင်ချက်ဒ်၊ဆော်ဒီအာရေးဗီယားနှင့်လစ်သူအေးနီးယားတို့မှာကုလသမဂ္ဂ၏သြဇာအာဏာကြီးသော ယခုလိုနေရာမျိုးသို့ပထမဦးဆုံးအကြိမ်ဝင်ရောက်နိုင်ခြင်းဖြစ်သည်။နိုက်ဂျီးရီးယားနှင့်  ချီလီတို့မှာအတိတ် ကာလတွင်ယင်းနေရာသို့လေးကြိမ်အထိ ရောက်ခဲ့ဖူးကြသည်။ထိုသို့သော နေရာမျိုးကိုအရွေးချယ်ခံလိုသည့် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်သောအဖွဲ့ဝင်၁၉၃နိုင်ငံအနက် သုံးပုံနှစ်ပုံ၏ ထောက်ခံမှု သို့မဟုတ် ၁၂၉မဲနှင့်အထက်ရှိရမည် ဖြစ်သည်။ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုအာဏာ သုံးခွင့် ရသော အမြဲတမ်းအဖွဲ့ဝင်နိုင်ငံငါးခုမှာ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စု တို့ဖြစ်သည်။ 

 Ref: AP The Myanma Age

No comments:

Post a Comment