KIAသောင်းကျန်းသူများသည်အောက်တိုဘာလ ၁၅ရက်နေ့က ပန်ခိုပျဉ်ကျေးရွာသို့ရောက်ရှိလာပြီးကျေးရွာ အနီးတ၀ိုက်တွင်တောင်ယာလုပ်ကိုင်နေသောရွာသား(၃၀)ဦးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။ KIA သောင်းကျန်းသူများသည် ဖမ်းဆီးသွားသော ရွာသားတစ်ဦးလျင် ငွေကျပ် ၅၀၀၀၀ ကျပ်နှုန်းဖြင့်
လာရောက်ရွေးခိုင်းပြီးငွေကြေးမပေးဆောင်နိုင်သော ရွာသားများအားတပ်သားသစ်အဖြစ် ၀င်ရောက် ရမည် ဟုပြောဆိုထွက်ခွာသွားကြောင်းသိရသည်။
KIA/KIOအဖွဲ့မှခေါင်းဆောင်းများသည် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အဓိကကျသောအချက် များဖြစ်သည့်လူသစ်စုဆောင်းခြင်း၊ဆက်ကြေးကောက်ခံခြင်း၊များမပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်းKIAအဖွဲ့ဝင်အချို့သည်၎င်းအချက်များအားမျက်ကွယ်ပြု၍ယခုကဲ့သို့စည်းကမ်း ဖောက်ဖျက် မှုများ ရှိနေသေးကြာင်း ဖော်ပြလိုက်ပါသည်။
No comments:
Post a Comment