အမေရိကန် ရေငုပ် သင်္ဘော တည် ဆောက် ရေးကုမ္ပဏီတစ်ခု ဖြစ်သော Oceangate ကုမ္ပဏီသည်သမုဒ္ဒရာ ကြမ်းပြင်အောက်နှစ်မိုင်နီးပါးခန့်တွင်မောင်းနှင်နိုင်ပြီးခရီးသည်ငါးဦးတင်ဆောင်နိုင်သည့်ရေငုပ်သင်္ဘောတစ်စင်း
တည်ဆောက် နိုင်ရန် ဝါရှင်တန် မြို့ ရှိ ရူပဗေဒ ဆိုင်ရာ လက်တွေ့ အသုံးချ ဓာတ်ခွဲ ခန်းဌာန နှင့်အတူ ပူးတွဲ စမ်းသပ် ခဲ့ ကြ သည်ဟု အင်တာ နက် သတင်း တစ်ပုဒ် ၏ ဖော်ပြချက် အရ သိရသည်။
အဆိုပါ ရေငုပ် သင်္ဘော ၏ ကိုယ်ထည် ကို ကာဗွန် ဖိုင်ဘာ ဖြင့် ပြုလုပ် ထားပြီး ရေငုပ် သင်္ဘော ၏ အမိုးခုံး မှာ ငါးပေ အကျယ် ရှိသည် ဟု သိရ သည်။ ပုံစံ မှာ ကျည်ဆန် ပုံသဏ္ဌာန် ဖြစ်ပြီး ၎င်း ရေငုပ် သင်္ဘော မှာ တစ် နာရီ မပြည့် မီ အချိန် ကာလ တွင် ရေအောက် ထဲသို့ ထိုးဆင်း နိုင်စွမ်း ရှိသည် ဟုသိရ သည်။
ထို့အပြင် ရေငုပ် သင်္ဘော သည် ခရီး သည် ငါးဦး ကို တင်ဆောင် နိုင်ပြီး လိုက်ပါ လာ သည့် ခရီးသည် များ အနေ ဖြင့် ၁၈ဝ ဒီဂရီ အတွင်း ရှိ ရေအောက် မြင်ကွင်း များ ကို ကြည့်ရှု လေ့ လာ နိုင်မည် ဖြစ်ကြောင်းနှင့် ၎င်း ရေငုပ် သင်္ဘောသည် ရေအောက် အနက် ၉၈၄၂ ပေ သို့မဟုတ် မီတာ ၃ဝဝဝ အထိ ရောက်ရှိ နိုင်သည် ဟု သိရသည်။
Myawady
No comments:
Post a Comment