Friday, October 18, 2013

ပတ်ဆောင်ဟွာ၏ လူစားလဲမှုအား MNLကလပ်အသင်း နည်းပြတစ်ဦးဝေဖန်


18 Oct 2013

မြန်မာ ယူ-၂၃ အသင်းနည်ပြ ပတ်ဆောင်ဟွာ၏ ကစားကွက်နှင့် လူစားလဲလှယ် ခြင်းများအားပြည်တွင်း ကလပ်အသင်း များမှ နည်းပြ များက  ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။   ပတ်ဆောင်ဟွာ၏ လူစားလဲမှုများနှင့်
ပတ်သက်၍ မြန်မာနေရှင် နယ်လိဂ်ကလပ်အသင်း တစ်သင်းမှ တာဝန်ရှိသူ တစ်ဦးက “ ပတ်ဆောင်ဟွာဟာ အသင်းရဲ့ အမာခံ ကစားသမားကို မလဲရဲဘူး ဖြစ်နေ တယ်။ အသင်းခေါင်းဆောင်ကို လဲခဲ့တာကလည်း ဒဏ်ရာရ သွားလို့ပါ။ ဒုတိယပိုင်းမှာ ကျော်ကိုကို နဲ့ ကြည်လင်းတို့ အရမ်းအပျက် များတယ်။ ကြည်လင်းက သူ့ဆီဘောလုံး ရောက်ရင် တစ်ဦးကောင်း ကစားဖို့ ကြည့်တယ်။ ကျော်ကိုကို နဲ့ တွဲမယ့်သူလည်း မရှိဘူး။ဒီအချိန်မှာ ကောင်းစည်သူတို့နဲ့ အစားထိုးခဲ့ဖို့ ကောင်းတယ်။ ဒီလိုပွဲမျိုးမှ စမ်းမသုံးရင် ကျန်တဲ့ ကစားသမားတွေရဲ့ခြေကို ဘယ်လိုစမ်းသပ်မလဲ”ဟုပြောကြားသွားခဲ့သည်။ မြန်မာယူ၂၃အသင်းသည်   အောက်တိုဘာလ(၁၇)ရက်နေ့ညပိုင်းက တောင်ကိုရီးယားနိုင်ငံသို့ကစားသမား(၂၆)ဦး၊ အုပ်ချုပ်၊နည်းပြ (၁၃)ဦးနှင့် ထွက်ခွာသွားခဲ့ပြီး ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားသွား မည် ဖြစ်ကြောင်း သိရ သည်။


mwd spot

No comments:

Post a Comment