Monday, October 21, 2013

ငြိမ်းချမ်းရေးနှင့်လမ်းစဉ်နှင့် သွေဖီလျက်ရှိသော TNLA


21 Oct 2013










TNLA အဖွဲ့၏လုပ်ရပ်များအား သိရှိမှုမရှိသော ငြိမ်းချမ်းရေးအားလိုလားတောင့်တလျက်ရှိသည့် ရှမ်းမြောက် မူဆယ်၊နမ့်ခမ်းဒေသခံပြည်သူများ အနေဖြင့်TNLA၏ ပထမအကြိမ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ ချိန်တွင်   သောင်းသောင်းဖျဖျကြိုဆိုခဲ့သောမြင်ကွင်းများအားဝမ်းသာပီတိဖြစ်ခဲ့ဘူးပါသည်။ 

သို့သော်လည်း၎င်း TNLAအဖွဲ့၏တရားဥပဒေမဲ့ လုပ်ရပ်များဖြစ်သောနယ်မြေအတွင်း လူသစ်စုဆောင်းမှုများ
သည် ပလောင်လူမျိုးများအတွက်    ရင်နင့်စရာပင်ဖြစ်ပါသည်။    ဖြစ်စဉ်တစ်ရပ်ကိုတင်ပြရလျင်   ၂၀၁၃ခုနှစ်     အောက်တိုဘာလ     ၁၆    ရက်နေ့     ၁၀၃၀ချိန်    ပလောင်ဒေသ     နမ္မလင်းရွာမှ   အလှည့်ကျ    လူသစ် စုဆောင်းရာတွင်     ရရှိခြင်းမရှိသောကြောင့် ၄ င်းတို့၏ အဖေ၊ အမေ၊ အဘိုး၊ အဖွား၊ အသက်  ၇၄၊  ၆၀ ၊  ၅၅  အရွယ် ၁၉ ယောက်အားဓားစာခံအဖြစ်ခ်ါယူသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

 အဆိုပါသတင်းအား ဖမ်းဆီးခံဖြစ်စဉ်တွင် ပါဝင်သောကိုယ်ဝန် ၇ လခန့်ရှိ၍ ပြန်လွတ်ပေးလိုက်သည့်   ဒေါ်နွယ်နီအေး၏  ပြောပြချက်အရသိရှိရပြီး၎င်းပလောင်လူမျိုးများ၏ရင်နင့်စရာဖြစ်ရပ်မှန်များအားသိရှိ   စေရန် ဖော်ပြလိုက်ရပေသည်။

No comments:

Post a Comment