တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ မှ ကျန်းမာရေးဝန်ထမ်းများသည် လွန်ခဲ့သောတနင်္လာနေ့တွင် လူနာ တစ်ဦးက ဆရာဝန်သုံးဦးကို တိုက်ခိုက်ခဲ့ခြင်းအပေါ်မကျေနပ်ကြ၍ ဆန္ဒပြခဲ့ကြသည်ဟုသိရသည်။ အဆိုပါ တိုက်ခိုက်
မှုကြောင့်ဆရာဝန်တစ်ဦးသေဆုံးခဲ့ပြီးနှစ်ဦးမှာပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။
လီယန်အန်ကွမ်အမည်ရှိအသက်၃၃နှစ်အရွယ် လူနာတစ်ဦးသည် အသေးစား နှာခေါင်းခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက်ရရှိလာသောရလဒ်ကိုမကျေမနပ်ဖြစ်ခဲ့သည်ဟုဆိုသည်။
၎င်းလူနာသည် ဆရာဝန် တစ်ဦးကို နား၊ နှာခေါင်းနှင့် လည် မျိုတို့ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး အခြားဆရာဝန်နှစ်ဦးမှာလည်း ၎င်းလူနာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည်ဟု သိရသည်။ Zhejiang ပြည် နယ် ဝမ်လင်ဆေးရုံရှိ ဆရာဝန်များနှင့်သူနာပြုဆရာမများသည်အဖြူကုတ်နှင့်အပြာရောင်ခွဲစိတ်မျက်နှာဖုံးများကိုဝတ်ဆင်ဆန္ဒ ပြခဲ့ ကြသည်။
(YMG)
No comments:
Post a Comment