အောက်တိုဘာလ ၁၃ရက်နေ့ကလောက်ကိုင်မြို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှု ကဇာတ်ရုံတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးပယ်စောက်ချိန်၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူ
စုစုပေါင်းအင်အား(၈၆၂)ဦးနှင့်တွေ့ဆုံ၍၂၀၁၄ခုနှစ်ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းသည် ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ကောက်ယူခဲ့သော လုပ်ငန်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ်တွင် ၁ ကြိမ်၊ ၁၀ နှစ်စီခြား၍(၂)ကြိမ်ကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါနှစ်(၃၀)ခြား၍ ၂၀၁၄မတ်လ၃၀ရက်နေ့မှ အေပြီ ၁၀ ရက်နေ့ထိ ၁၂ ရက်ကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင် စာရင်းကောက်ယူရာတွင် ပညာရေးဝန်ထမ်း များမှကောက်ယူမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် အမျိုးသား ရေးတာဝန်ဖြစ်၍ အောင်မြင်ရန် လိုအပ်ကြောင်းပြောကြားခဲ့သိရသည်။
No comments:
Post a Comment