ထိုင်ဝမ် ရုပ်သံမင်းသမီး Dee Hsu ၏ ခင်ပွန်းဖြစ်သူ Mike Hsu ဆိုသူသည် နိုင်ငံ၏ လုံခြုံရေး အက်ဥပဒေနှင့် သွေဖီနေသည့် စီးပွားရေးလုပ်ငန်း တစ်ခုတွင်
အဓိကပါဝင် ပတ်သတ်နေကြောင်း ထိုင်ဝမ် အာဏာပိုင်များမှ ယမန်နေ့က တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။
၎င်းတို့၏ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော
Top PotBakeryမှထုတ်လုပ်သည့်စားသောက်ကုန်များတွင်တားမြစ်ထားသည့်ပစ္စည်းတချို့ပါဝင်နေကြောင်း ၊ Top Pot ၏ မိခင် Company ဖြစ်သည့် Genome International Biomedical Co.Ltd (GIBC) အနေဖြင့်လည်း Company တွင်း ကျင့်သုံးလျက်ရှိသည့်စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ဆောင်ချက်များတွင် မလျော်ကန်မှုများ ရှိနေကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ သို့သော်လည်း အဆိုပါ ပြစ်မှုများတွင် မင်းသမီး Dee Hsကပါဝင်ပတ်နေခြင်းမရှိကြောင်း၊ သို့သော်လည်း မင်းသမီး အပါအ၀င် ပတ်သတ်ဆယ်နွယ်နေသူများ အားလုံးကိုစုံစမ်းစစ်ဆေးမှုများဆက်လက်လုပ်ဆောင်သွားဦးမည် ဖြစ်ကြောင်းအာဏာပိုင်များက ပြောကြား ခဲ့သည်။
No comments:
Post a Comment