SSA(၀မ်ဟိုင်း)တပ်ဖွဲ့ဝင်အချို့သည် ငြိမ်းချမ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးရာတွင်ပါဝင်သော အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ဆက်ကြေးကောက်ခံခြင်းစသည့်အချက်များကိုချိုးဖောက်၍ ပြည်သူလူထု အပေါ်လက်နက်အားကိုးဖြင့်ခြိမ်းခြောက်ပြောဆိုအနိုင်ကျင့်ခြင်းများကြောင့်ဒေသခံများမှစက်ဆုပ်ရွံရှာလျက်
ရှိပါသည်။
ရှိပါသည်။
အောက်တိုဘာလ ၁၃ ရက်နေ့တွင် SSA (၀မ်ဟိုင်း)မှ စိုင်းကျောက်လှိုင်း ဦးစီးအဖွဲ့ဝင်များသည် မန်နားကျေးရွာ နှင့် စွန်းလွန်းကျေးရွာအုပ်စု စွန်းလွန်း၊ တာပုလဲ၊ ချောင်းဆုံ၊ ဟာလျန်၊ ပန်ခါး ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့်ရွာသားများအားခေါ်ယူတွေဆုံပြီးကျေးရွာများမှတစ်နှစ်လျင် ဆန်(၅)အိတ် ဆီ(၅) ပိသာပေးသွင်းရန်၊ စွန်းလွန်း ကျေးရွာအုပ်စု ကျေးရွာများမှ ၄င်းတို့အဖွဲ့အတွက် အမာခံပြည်သူ့စစ် ၁၀ ဦးဖွဲ့စည်းပေးရန်နှင့်တာပုလဲကျေးရွာမှတပ်သားသစ်၁၆ဦးစုဆောင်းပေးရန်စာဆင့်တောင်းဆိုမှု များကြောင့် ရွာသူ/ရွာသားများမှာ စိုးရိမ်ထိတ်လန့်၍ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရပါသည်။
သို့သော်လည်းပြည်သူ့အသံ၊ လွတ်တော်အသံဟု အသံကောင်းဟစ်နေသော SNDP ၊ SNLD ပါတီ လွှတ်တော် ကိုယ်စားလှယ်များမှ SSA(၀မ်ဟိုင်း)၏ တရားဥပဒေမဲ့လုပ်ရပ်များနှင့် ပတ်သက်ပြီး မသိမမြင် ချင်ဟန်ဆောင်နေခြင်းမှာတစ်ကျိတ်တည်းတစ်ကြံတည်းများ ဖြစ်နေသလားဟုသို့လောသို့လော ဖြစ်ပေါ် လျက်ရှိကြောင်း ပြည်သူအများသိစေအပ်ပါသည်။

No comments:
Post a Comment