TNLAတအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား လက်နက်ကိုင်များ အားလုံးပါဝင်သော ၂၀၁၃ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးညီလာခံသို့ တက်ရောက်ခွင့်ရရေး ကနဦးခြေလှမ်းများအဖြစ်ပြည်နယ်/ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး
ပွဲများအားပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးကော်မတီနှင့် တိုင်းရင်းသားဒေသခံရပ်မိ/ ရပ်ဖများမှကြိုးစား ဆောင်ရွက်မှုများ ကြောင့် အထိုက်အလျောက် ခရီးပေါက်ခဲ့ပေသည်။
သို့သော်လည်းဒေသတွင်း မူးယစ်ဆေးဝါးအကြောင်းပြပြီး တိုင်းရင်းသားဒေသခံများအား ထိန်းချုပ်၍ တပ်အင်အား တိုးချဲ့ရန်အတွက် လူသစ်စုဆောင်းခြင်းများ ပြုလုပ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် နမ္မလင်းရွာသား ၁၉ ဦးအား ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်အား ဥပဒေမဲ့စွာ ကျူးလွန်ခဲ့ပေသည်။
အဆိုပါ ဥပဒေမဲ့လုပ်ရပ်များအား အကာအကွယ်ပေးရန်နှင့် နယ်မြေအတွင်း ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက်အကာကွယ်ပေးလျက်ရှိသည့်တပ်မတော်စစ်ကြောင်းများအား TNLA တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ၂၅ရက်နေ့တွင် နှောင့် ယှက်တိုက်ခိုက်မှုများကြောင့်ရှမ်းမြောက်ဒေသအတွင်းပြည်သူများမလိုလားသည့်တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပေသည်။
ဖမ်းဆီးခြင်း၊ အခွန်ကောက်ခြင်း၊ ရိက္ခာတောင်းခံခြင်း အစရှိသည့် ဥပဒေမဲ့လုပ်ရပ်များအား ဥပဒေပြင်ပ လွတ်လပ်စွာလုပ်ခွင့်ရနေသောကြောင့်လက်နက်ကိုင်လမ်းစဉ်အားအကြောင်းအမျိုးမျိုးပြ လက်ကိုင်ပြု ထားသော TNLAသို့ သိစေလိုသည်မှာဒီမိုကရေစီစနစ် ပြောင်းလဲချီတက်နေချိန်တွင် နိုင်ငံရေး လိုလားတောင်းဆိုချက်များအားလက်နက်ကိုင်တောင်းဆိုစရာမလိုတော့ဘဲ နိုင်ငံရေးဆွေးနွေးပွဲများတွင် တောင်းဆိုနိုင်ပြီဖြစ်၍ နိုင်ငံရေးစားပွဲဝိုင်းများဆီသို့ရဲရဲလျှောက်လှမ်းလာစေချင်ပါကြောင်း ပြည်သူလူထု ကိုယ်စား အသိပေးအပ်ပါသည်။
No comments:
Post a Comment