Wednesday, October 30, 2013

Miss Universe 2013 ဆုရသူ စိန်သရဖူ ဆောင်းခွင့် ဒေါ်လာနှစ်သိန်းခွဲနှင့် နယူးယောက်တွင် တစ်နှစ် အခမဲ့တည်းခိုခွင့်ရမည်


31 Oct 2013

Miss Universe 2013ပြိုင်ပွဲတွင် ဆုရရှိသူသည် စိန်သရဖူ ဆောင်းခွင့်အပါအဝင် အမေရိကန် ဒေါ်လာ ၂ သိန်းခွဲနှင့်အတူ နယူးယောက်ရှိ တိုက်ခန်းတစ်ခန်းတွင် တစ်နှစ်တာ အခမဲ့တည်းခို ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို ရုရှားနိုင်ငံတွင် Emin and Aras Agalarov Founder က အဓိက Organi-zation
လုပ်ပြီး ယခုပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ ဆီမီးဖိုင် နယ်ပွဲစဉ်တွင် ပြိုင်ပွဲဝင် ၈၆ ဦး အနက်မှ နောက်ဆုံး အဆင့်ပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် ၁၆ ဦးကို ရွေးချယ်သွားမည် ဖြစ်သည်။

Miss Universe 2013ပြိုင်ပွဲဝင် အလှမယ်များသည် ယမန်နေ့က Crown Plaza Moscow World Trade Centre ၌ ဓာတ်ပုံ မှတ်တမ်းများ ရိုက်ကူးခြင်း ညမှတ်တမ်း ဓာတ်ပုံနှင့် အလှအပ လှုပ်ရှားမှုများကို ရုပ်ရှင်ရိုက်ကူးခြင်း၊ နိုဗိုဂျဲဗီချူ ဘုရားကျောင်း (Novodevichy Convent) တွင်လည်း ရုပ်ရှင်နှင့် ဓာတ်ပုံများ ရိုက်ကူးခြင်း မော်စကိုရှိ Agal-arov Golf & Country Club သို့သွားရောက် လည်ပတ်ခြင်းနှင့် အီကွေဒေါ သမ္မတရာဖယ် ဆိုရီး ယားကလည်း Miss Universe ပြိုင်ပွဲဝင် တချို့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ 

 ယခုနှစ်၏ ထူးခြားချက်အနေဖြင့် အဇာဘိုင်ဂျန်နိုင်ငံမှ အသက် ၂၃ နှစ်အရွယ် အလှမယ် မာနာဖိုဗာကလည်း သူမ၏ နိုင်ငံအတွက် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင် လာခြင်းဖြစ်သည်။ ပြိုင်ပွဲကို ရုရှား နိုင်ငံမော်စကို ဒေသဝန်းကျင်ရှိ Krasnogorsk တွင် နှစ် ၆ဝကျော် ကြာမှ ပထမဆုံးအကြိမ် လက်ခံ ကျင်းပခွင့်ရခြင်း ဖြစ်သည်။ 

 စကားဝါ မြ၀တီ

No comments:

Post a Comment