ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ဆယ်လန့်ကျေးရွာအနီးတစ်ဝိုက်တွင် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းကတပ်မတော်စစ်ကြောင်းများမှ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်စဉ် အရပ်ဝတ်ဝတ်ဆင် ထားသော လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့မှ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်း
များကပြန်လည်ခုခံတိုက်ခိုက်ရာအဆိုပါလက်နက်ကိုင်အဖွဲ့သည်အနောက်ဘက်သို့ ဆုတ်ခွာ သွားကြောင်း သိရသည်။
၎င်းနေရာအား အသေးစိတ်ရှင်းလင်းရှာဖွေရာ ကျောက်မဲမြို့နယ် ပေါက်အင်းကြီးကျေးရွာနေ ဦးမော် ဦးစီး ၂၁ ဦးဖြင့် တရားမ၀င် သယ်ဆောင်လာသည့် အရွယ်စုံ နွား ၄၁ ကောင်အား ဖမ်းဆီးရမိခဲ့သဖြင့် မူဆယ်မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment