SSA (၀မ်ဟိုင်း)အဖွဲ့မှဗက အဆင့်ရှိ ကျောက်လှိုင်း ဦးစီးအဖွဲ့များသည် လက်နက်များကိုင်ဆောင်၍ သီပေါမြို့နယ် တာပုလဲကျေးရွာသို့ အောက်တိုဘာလ ၁၇ ရက်နေ့က ရောက်ရှိလာပြီး တာပုလဲကျေးရွာ
အုပ်ချုပ်ရေးမှူးနှင့်ရွာသူရွာသားများအားခေါ်ယူ၍SSA(၀မ်ဟိုင်း)ဌာနချုပ်မှကျေးရွာတစ်ရွာလျင်တပ်သားသစ် ၄ဦး စုဆောင်းပေးရန် ညွှန်ကြားထားသောကြောင့် တာပုလဲကျေးရွာအနေဖြင့်လည်း တပ်သားသစ် ၄ ဦး စုဆောင်းပေးရန် ခြိမ်းခြောက်ပြောဆိုပြီး ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
No comments:
Post a Comment