SSA (၀မ်ဟိုင်း)အဖွဲ့မှ စိုင်းကျောက်လှ ဦးစီး တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီတွင်မန်ပွဲကြီးကျေးရွာသို့ရောက်ရှိပြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသား(၂၅)ဦးအား ဖမ်းဆီးခေါ်ဆောင်
သွားခဲ့ကြောင်း သိရသည်။
SSA(၀မ်ဟိုင်း)တပ်ဖွဲ့များသည် အောက်တိုဘာလ ၁၃ရက်နေ့တွင် တာပုလဲကျေးရွာ၊ မန်ဆန်ကျေးရွာ၊ မန်နားကျေးရွာ ကျေးရွာအုပ်ချုပ်ရေး မှူးများနှင့် ရွာသားများအားခေါ်ယူ၍ ကျေးရွာများမှရွာတစ်ရွာလျင်ဆန် ၁၀အိတ်၊ဆီ၅ပိသာ ပေးသွင်းနိုင်ရေး စုဆောင်းထားရှိရန်နှင့်ပစ္စည်းများပို့ပေးရန်အထမ်း သမားများဆင့်ခေါ် ပါကအချိန်မီစေလွတ်ပေးရန်၊ ပို့ပေးရမည့်နေရာအား အကြောင်းကြားပေးသွားမည်ဟုခြိမ်းခြောက်ပြောဆိုပြီး ထွက်ခွာသွားကြောင်းသိရသည်။ကျေးရွာအုပ်ချုပ်ရေးမှူးအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ၄င်းတို့တောင်ခံ ထားသည့်ဆက်ကြေးငွေပေးဆောင်ခြင်းမရှိသောကြောင့်ဖြစ်သည်ဟုသိရသည်။
ကျေးရွာသူကျေးရွာသားများသည် မိမိတို့ စားဝတ်နေရေးအခက်အခဲ အပြင် ရှမ်းပြည်တပ်မတော် SSA အတွက် ဆက်ကြေးပေးဆောင်နိုင်ရေး ကြောက်ရွံ့စိတ်ဖြင့် ပင်ပန်းစွာလုပ်ကိုင်နေရကြောင်း ရှမ်းပြည် တပ်မတော် SSA မှ အကြီးအကဲများသိရှိစေလိုပါသည်။
စိုင်းခမ်း
No comments:
Post a Comment