Saturday, October 26, 2013

(၂၃)ကြိမ်မြောက် အာဆီယံ နိုင်ငံ တပ်မတော် (ကြည်း)များ သေနတ်ပစ် ပြိုင်ပွဲ ပြိုင်ပွဲဝင် အသင်းများ ပြိုင်ပွဲ အကြို လေ့ကျင့်ပစ်ခတ်


26 Oct 2013

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်မှ အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် (၂၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ကြမည့် အာဆီယံနိုင်ငံ များမှ ပြိုင်ပွဲဝင် အသင်းသား များသည်   ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲအကြို လေ့ကျင့် ပစ်ခတ်ခြင်း (Controlled Practice)
များကို အောက်တို ဘာ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပြင်ဦးလွင်မြို့ရှိ   တပ်မတော် စက်ပစ်ကွင်း၌     လေ့ကျင့် ပစ်ခတ်ကြသည်။

 လေ့ကျင့်ပစ်ခတ်ခြင်း မပြုလုပ်မီ သတ်မှတ် စက်ပစ်ကွင်းများ၌ တာဝန်ရှိသူများက နိုင်ငံအလိုက် အသင်း ခေါင်းဆောင်များကို ပြိုင်ပွဲနှင့် ပတ်သက်သော အကြောင်းအရာနှင့် စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပစ်ခတ် လေ့ကျင့်ခြင်း များကို ပြုလုပ်ကြရာ မီတာ ၁ဝဝ စက်ပစ်ကွင်း၌ ပစ္စတို(ကျား)၊ ပစ္စတို(မ) ပစ်ခတ်စဉ် လေ့ကျင့်ခြင်း များကို လည်းကောင်း၊ မီတာ ၂ဝဝ စက်ပစ်ကွင်း၌ ကာဘိုင် ပစ်ခတ်စဉ် လေ့ကျင့်ခြင်း များကိုလည်းကောင်း၊ မီတာ ၆ဝဝ စက်ပစ်ကွင်း ၌ ရိုင်ဖယ်နှင့် စက်သေနတ် ပစ်ခတ်စဉ် လေ့ကျင့်ခြင်းများကို လည်းကောင်း အသီးသီး ပစ်ခတ် လေ့ကျင့် ကြသည်။ မြ၀တီ FB

No comments:

Post a Comment