Touch Screen ဖုန်း၊ Tablet နဲ့ အခြား Portable Electronic Device တွေကိုတော့ ကမ္ဘာတစ်လွှားမှာ ရင်းနှီးနေကြပါပြီ။ဒါပေမဲ့ထိတွေ့ပြောင်းလဲလိုရတဲ့ TouchPanelပါရှိတဲ့ကားရှိပါတယ်ဆိုရင်တော့အံ့သြစရာ ဖြစ်ပါလိမ့်မယ်။
၂၀၁၁ခုနှစ် နိုဝင်ဘာ၂၈ ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပပြုလုပ်ခဲ့တဲ့ ၄၂ကြိမ်မြောက်
တိုယိုတာကားပြပွဲမှာပွဲထုတ်ခဲ့တဲ့TouchPanelသုံးFunViiအမည်ရကားဟာ မော်တော်ကားနည်းပညာ လောက ကို အံ့အား သင့်သွားစေ ပါတယ်။
ကားကိုစမတ်ဖုန်း Tablet စတာတွေနဲ့ချိတ်ဆက်နိုင်မယ် အင်တာနက်မှ Wallpaperရောင်စုံကာလာဒီဇိုင်းများကိုDownloadဆွဲပြီးကားရဲ့အရောင်ကို ပြောင်းလဲယူလိုရပါတယ်။ပြီးတော့ ကားမှာ အသုံးပြု ထားတဲ့ software ကိုလည်း update လုပ်နိုင်ပြီး ယင်းTouch Panel အပေါ်ပေးစွမ်းမဲ့ ၀န်ဆောင်မှု အသစ်တွေကိုရရှိဦးမှာဖြစ်ပါတယ်။
လောလောဆယ်ဆယ်ကတော့ကာလာဒီဇိုင်း မှာသာအလုပ်လုပ်ပါသေးတယ်။နောက်ဒီထက် အဆင့်မြင့်ပြီး ထိတွေ့မောင်းနှင့်ရလောက်တဲ့အထိအဆင်မြင့်မှာဖြစ်တယ်လိုသိရပါတယ်။လက်ရှိFunVii ကားကိုဒီဇင်ဘာ ၃ရက်မှာစတင်ရောင်းချမှာဖြစ်တယ်လိုသိရပါတယ်။ကားရဲ့အသေးစိတ်အပိုင်းတွေကတော့ ထုတ်လုပ်နေကျ တိုယိုတာကားများရဲ့Function တွေအတိုင်းဖြစ်ပါတယ်။ဘော်ဒီအတွင်းအပြင်ကတော့ နည်းပညာ အလွှာကြီး တစ်ခုဖြစ်သွားတယ်ပေါ့။ဒီTouch Panel ကားကိုဈေးနှုန်းဘယ်လောက် နဲ့ရောင်းချမယ်ဆိုတာ ကိုတော့ကြေညာထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Myanmar ICT
No comments:
Post a Comment