ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့တွင် သောင်းကျန်းသူများမှ ပြည်သူများအထိတ်တလန့် ဖြစ်စေရန် နှင့် နိုင် ငံရေးသိက္ခာကျဆင်းစေရန် ဗုံးပေါက်ကွဲမှု (၃)ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ည ၁၀နာရီ ၅၀မိနစ်တွင် နမ့်ခမ်းမြို့၊ မြို့လယ်ဘုရားအနီးတွင်မိုင်း၁လုံး
ပေါက်ကွဲခဲ့ပြီး လူ ၊အဆောက်အဦးများထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
၁၇ ရက်နေ့ နံနက် ၇ နာရီတွင် နမ့်ခမ်းမြို့၊ မြို့လည်ဘုရားကြီးရှေ့ အလယ်ပန်းခုံ လမ်းလယ်ကျွန်းတွင် ဦးဝင်းကို (၃၀)နှစ် (စည်ပင်ဝန်ထမ်း)မှ အမှိုက်များ လိုက်လံသိမ်းဆည်းရာ ပန်းခုံပေါ်ရှိ ကျွတ်ကျွတ် အိတ်ဖြင့်ထည့်ထားသောဂျပ်ဖာအားသိမ်းဆည်းစဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး နေရာတွင်ပင်ပွဲချင်းပြီး သေဆုံးသွား ခဲ့ပြီး၊အိုက်မောင် ဟင်လိုင်ကျေးရွာ၊ အိုက်လင်းမောင် ဟင်လိုင်ကျေးရွာ၊ အားညမ် ဖာပြန့်ကျေးရွာ နေသူတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပါသည်။
No comments:
Post a Comment