Sunday, November 3, 2013

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း KIA ကချင်အဖွဲ့မှ အတင်းအဓမ္မ လူသစ်စုဆောင်းမှုများရှိနေ


3 Nov 2013

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်ဆဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်    ဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိပါသည်။ သို့သော်လည်း      KIA  တပ်ဖွဲ့ဝင် အချို့၏    အတင်းအဓမ္မဖမ်းဆီး၍    လူသစ်စုဆောင်းခြင်းများ ကျူးလွန်လျက်     ရှိသောကြောင့် ငြိမ်းချမ်းရေး 
တည်ဆောက်မှု နောက်ကွယ် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိပေသည်။

မကြာသေးမကာလဖြစ်သော၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ၁ရက်နေ့ကKIAကချင်အဖွဲ့သည်လွယ်ခန်ကျေးရွာတွင် အစည်းအဝေးပြုလုပ်ပြီး ရွာသူ/ ရွာသား (၅၀)ဦးအား     ၄င်းတို့KIA အဖွဲ့တွင်တာဝန်ထမ်းဆောင်ရန်ဖမ်းဆီး   ခေါ်ဆောင်သွားကြောင်း ၊ထို့အပြင် နမ့်လွပ်၊ပန်လော့ကျေးရွာများမှလည်း ထိုကဲ့သို့အတင်းအဓမ္မ လူသစ်စုဆောင်းခြင်းများ ပြုလုပ်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိပါသည်။ 

ယခုအချိန်သည်တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်ဆဲရေးနှင့်ထာဝရငြိမ်းချမ်းရေးကို  သမ္မတကြီးနှင့်   ဒေသခံတိုင်းရင်းသားပြည်သူအားလုံးကလိုလားတောင့်တလျက်ရှိပါသည်။ ပြည်သူအားလုံးလိုလားတောင့်တ လျက်ရှိသော ထာဝရငြိမ်းချမ်းရေးအား KIA ကချင်အဖွဲ့၏ ဥပဒေမဲ့လုပ်ရပ်များကြောင့် မပျက်ပြား စေလို သည်မှာ ပြည်သူအားလုံး၏ ဆန္ဒပင်ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

No comments:

Post a Comment