Friday, November 15, 2013

KIA ကချင်အဖွဲ့မှ ကွမ်လုံမြို့နယ်အတွင်း လုပ်ငန်းရှင်းများနှင့် အခြေခံလူတန်းစားများထံမှ ဆက်ကြေးကောက်ခံ


16 Nov 2013

KIA ကချင်အဖွဲ့မှ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကွမ်လုံမြို့နယ်၊ နမ့်ကျင်စံကျေးရွာသို့ ဆက်ကြေးကောက်ခံသည့်စာ၁ စောင်ပေးပို့ခဲ့ကြောင်းသိရသည်။

ဆက်ကြေးတောင်းစာတွင်နမ့်ကျင်စံကျေးရွာမှလက်လုပ်လက်စားကြံစိုက်ပျိုးသူများနှင့်လွှသမား၊လက်သမား၊  ပန်းရံလုပ်ကိုင်သူ    တိုင်းရင်းသားများထံမှ  ငွေကြေးကောက်ခံပြီး နိုဝင်ဘာလ  ၁၆ရက်နေ့နောက်ဆုံးထား၍ 
ပါပေါ်ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ မပျက် မကွက် ပေးပို့ရန်ပါရှိပါသည်။  ကြံစိုက်ခင်း   ပိုင်ရှင်များမှ ၁ဧ က လျှင်၅၀၀၀ကျပ်နှုန်းဖြင့်လည်းကောင်း၊လွှသမား၊လက်သမား၊ပန်းရံသမားများထံမှတစ်ဦးလျှင်   ၁၀၀၀၀ကျပ်   နှုန်းဖြင့်လည်းကောင်း  ကောက်ခံပေးသွင်းရန်ဖော်ပြထား ပါသည်။

 KIA တပ်ဖွဲ့၏ ဆက်ကြေးကောက်ခံမှုများကို ငြင်းဆန်သူရှိပါက“ အမည်၊ နေရပ်လိပ်စာ အပြည်အစုံဖြင့် ၄င်းတို့ထံပေးပို့ရန်နှင့်ထိုကဲ့သို့ ငြင်းဆန်သူများအားKIAကချင်အဖွဲ့မှ၎င်းတို့ကိုယ်တိုင်လာရောက် ကောက် ခံမည်ဟု   ဖော်ပြထားပြီး KIA မှ စစ်ကြောင်းမှူးအဆင့်ရှိသူ တစ်ဦးမှ လက်မှတ်ရေးထိုးထားပါသည်။ 

KIA(ကချင်)အဖွဲ့သည်ဆွေးနွေးပွဲများပြုလုပ်နေသော်လည်းတပ်ဖွဲ့ဝင်အချို့မှာ ငြိမ်းချမ်းရေးသဘော တူညီ ချက်များအား ချိုးဖောက်နေဆဲဖြစ်ကြောင်း ၄င်းတို့၏ လုပ်ရပ်များက ဖော်ပြနေပေသည်။

No comments:

Post a Comment