Wednesday, November 6, 2013

နယူးယောက်မြို့တော်ဝန် ရွေးကောက်ပွဲတွင် လက်ဝဲယိမ်းရှေ့နေ ဘီလ်ဒီဘလာစီယို အနိုင်ရဖွယ်ရှိ


7 Nov 2013

အမေရိကန် အကြီးဆုံးမြို့ နယူးယောက်တွင် မြို့တော်ဝန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့ရာ လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီဝင် ဘီလ်ဒီဘလာစီယိုက မဲအပြတ်အသတ်ဖြင့် အနိုင်ရဖွယ်ရှိကြောင်း သိရသည်။ ရာထူးသက်တမ်းမကြာမီကုန်ဆုံးမည့်မြို့တော်ဝန်   မိုက်ကယ်ဘလွန်းဘတ်၏ ၁၂ နှစ်ကြာအုပ်ချုပ်
ခဲ့သောနယူးယောက်ကို     အသွင်သစ်   ဖြစ်စေမည်ဟုအသက်၅၂ နှစ်ရှိ         အစိုးရရှေ့နေ   ဒီဘလာစီယို က မဲဆွယ် ခဲ့သည်။   

  နိုဝင်ဘာ၎ရက်တွင်အင်န်ဘီစီနှင့်ဝေါလ်စထရိဂျာနယ်တို့ကကောက်ယူခဲ့သောလူထုသဘောထား စစ်တမ်း တွင် ဒီဘလာစီယိုကရီပတ်ဘလီကန် ပါတီဝင် ဂျိုးဟိုတာထက်၄၁မှတ်ကျော်လွန်ကာ ၁၉၈၉ခုနှစ်   နောက်ပိုင်းနယူးယောက်မြို့တော်ဝန်အဖြစ်ပထမဆုံးရွေးကောက်ခံရသောဒီမိုကရက်တစ်ပါတီဝင် ဖြစ်လာ ရန် လမ်းကြောင်းပေါ် ရောက်ရှိနေသည်။ 

 ဒီဘလာစီယိုကဇနီးချာလိန်းဆယ်ကျော်သက်အရွယ်သားသမီးများဖြစ်သောဒန်တီနှင့် ချီယာရာတို့နှင့်အတူ လူမြင်ကွင်းရှေ့ ထွက်လာခဲ့ပြီး သာမန်မိသားစုများနှင့် တွေ့ဆုံကာ အမျိုးမျိုး ကွဲပြားခြားနားသော မဲဆန္ဒရှင်များကို မဲဆွယ်စည်းရုံး ခဲ့သည်။ 

 နယူးယောက်တွင် နေထိုင်သူ ၃၃ ဒသမ ၃ ရာခိုင်နှုန်းက လူဖြူများဖြစ်ပြီး ၂၅ ဒသမ ၅ ရာခိုင်နှုန်းက လူမည်းဖြစ်ကာ ၂၈ ဒသမ ၆ ရာခိုင်နှုန်းမှာ စပိန်စကားပြော လက်တင်အမေရိက သားများဖြစ်ပြီး ၁၂ ဒသမ ၇ရာခိုင်နှုန်းကအာရှတိုက်သားများဖြစ်ကြောင်းသိရသည်။နယူးယောက်၏၁၀၉ဦးမြောက်မြို့တော်ဝန်အဖြစ်   ရွေးကောက်ခံရပါကအခွန်တိုးမြှင့်ရန်၊မူကြိုပညာရေးနှင့် ကျောင်းပြင်ပအစီအစဉ်များတွင်ငွေကြေးထောက်ပံ့  ရန်နှင့်တန်ဖိုးမျှတအိမ်ခန်း၂၀၀၀၀၀ တည်ဆောက် ပေးရန် ကတိပြုထားသည်။

 သန်းကြွယ်သူဌေး ၄၄၀၀၀၀ ကျော်ရှိပြီး ဆင်းရဲမွဲတေသူ (လူလေးဦးရှိသော မိသားစု တစ်စုအတွက် တစ်နှစ်ဝင်ငွေ၃၀၉၄၄ဖြင့်ရပ်တည်နေရသည့်နှုန်းဖြင့်နေထိုင်ရသော)၂၁ရာခိုင်နှုန်းရှိသည့် နယူးယောက် တွင် ချမ်းသာမှုနှင့် ဆင်းရဲမှုအကြား ကွာဟချက်ကို ပစ်မှတ်ထား၍ ၎င်းကမဲဆွယ်ခဲ့သည်။

 Ref:AFP

No comments:

Post a Comment