Friday, November 22, 2013

KIA ကချင်အဖွဲ့မှ အသက် ၄၀ နှစ်အောက် ရွာသူ/ရွာသားများအား အတင်းအဓမ္မဖမ်းဆီး


22 Nov 2013
















တိုင်းရင်းသားလက်နက်ကိုင်များပူးပေါင်း၍ KIA ဌာနချုပ်လိုင်ဇာတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြပါသည်။ သို့သော် KIA သည် တိုက်ပွဲဖြစ်ရသည့် အဓိက အကြောင်းအရင်းတစ်ချက်ဖြစ်သောရွာသူ/ရွာသားများအားအတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ ပြုလုပ်နေ
ဆဲ ဖြစ်ကြောင်း သိရသည်။

KIAကချင်အဖွဲ့သည် နိုဝင်ဘာလ၁၉ရက်နေ့ကကွတ်ခိုင်မြို့နယ်၊ဟိုနောင်ကျေးရွာအုပ်စုသို့ ရောက်လာပြီး ပန်လော့ရွာမှ ကျား ၁ ဦး၊ မ ၄ ဦး၊ လုံကျိန်ရွာမှ ကျား ၁ ဦး၊ ဟိုဆောင်ရွာမှ ကျား ၅ ဦး၊ မ ၄ ဦး စုစုပေါင်း ပလောင်လူမျိုး (၁၅)ဦးအား နေအိမ်အတွင်းသို့ ၀င်ရောက်၍ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၄င်းကျေးရွာများနီးစပ်သည့် မြို့ပေါ်ရောက် ဒေသခံ တစ်ဦး၏ သတင်းပေးချက်အရ သိရသည်။

၎င်းကျေးရွာများနှင့် ဆက်နွယ်မှုရှိသည့် ကွတ်ခိုင်မြို့နေ ဒေသခံတစ်ဦးပြောပြချက်အရ KIA ကချင် အဖွဲ့သည် နိုဝင်ဘာလကုန်အထိ ကျေးရွာများမှ အသက် ၄၀ နှစ်အောက် ယောင်္ကျားများနှင့် အပျိုအရွယ် မိန်းကလေးများအား ဆက်လက်ဖမ်းဆီးအတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် ရွာသူ/ရွာသားများမှာ ကွတ်ခိုင်မြို့ပေါ်ရှိ နီးစပ်ရာဆွေမျိုးများထံသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

No comments:

Post a Comment