ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တပ်မတော်စစ်ကြောင်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများအကာင်အထည်ဖော် ဆောင်ရွက်မှုကြောင့်သတင်းဌာနတစ်ခုမှဖော် ပြခဲ့သောမူးယစ်ဆေးဝါးရောင်းဝယ်ပြုလုပ်သူများအတွက်ရက်ရာဇာနေ့ရက်များမှာမှုန်ရီေ၀၀ါးကာပြဿဒါး
နေ့ရက်များအဖြစ်သို့ ကူးပြောင်း လာခဲ့ပါသည်။
မူဆယ်မြို့တွင် စိတ်ကြွဆေးပြား သိန်းသုံးသောင်းဖိုးခန့် ဖမ်းဆီးရမိမှု
နိုဝင်ဘာလ ၁၉ ရက်နေ့က မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ မကေသီခိုင်နေအိမ်အား သက်သေခံများနှင့် ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၅၀၀၀၀၀ပြား ကာလတန်ဖိုး သိန်းသုံးသောင်းဖိုး သိမ်းဆည်း ရမိခဲ့ပါသည်။
သိန်းနီမြို့နယ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်များဖမ်းဆိးရမိမှု
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့အတွင်း နိုဝင်ဘာလ ၂၃ ရက်နေ့က တပ်မတော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ဝင်များပူးပေါင်း၍မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်စဉ်နမ့်ခိုက်မှ ကောင်းခါး ဘက်သို့ မောင်းနှင်လာသော မင်္သကာဖွယ် ယာဉ်တစ်စီးအား ရပ်တန့် စစ်ဆေးရာ သေနတ် မျိုးစုံ (၄)လက်၊ ကျည်အိမ် (၄)ခု၊ ကျည်မျိုးစုံ (၇၀)တောင့် မူးယစ်ဆးဝါး ချက်လုပ်ရာတွင်အသုံပြုသည့် ဆက်စပ်ပစ္စည်းများ၊ လိုင်စင်ယာဉ် တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ထိုအပြင်ဆယ်အူမှမန်လင်ဘက်သို့ကိုအောင်(၂၇)နှစ်၊ဦးလောဖန်၊ ကောင်းခါးကျေးရွာကွတ်ခိုင်မြို့နယ်၊ နေသူ မောင်းနှင်လာသောလင့်ခရူဇာကားတစ်စီးအားရပ်တန့်စစ်ဆေးရာလက်နက်(၂)လက်နှင့်ဆက်စပ်ပစ္စည်းများ၊ ဘိန်းဖြူ ၃၄ ထုတ် (၁၁ ကီလို)ခန့်၊ ဘိန်းညိုအမှုန့် ၃၄ ထုပ်၊ (၃၀ ကီလို)ခန့်၊ ဘိန်းစိမ်း ၄၀ ကျပ်သား၊ ဘိန်းဆီခဲ ၅၀ ကျပ်သား၊ လင့်ခရူဇာ ကျောက်စိမ်းရောင်၊ YGN 5F -2387 လိုင် စင်မဲ့ယာဉ်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
နမ့်ခမ်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိ
နိုဝင်ဘာလ ၂၄ ရက်နေ့ က နမ့်ခမ်းမြို့နယ် မုန်းလောင်ရွာအ၀င် ရန်ကွမ်းဟုတ် နေအိမ်အား ရှာဖွေရာ ဘိန်းစိမ်း (၁.၅)ကီလို၊ စိတ်ကြွဆေးပြား ၆၁၀ ပြား ကာလတန်းဖိုးစုစုပေါင်း (၂၄၂၀၀၀၀) ကျပ် တို့အားလည်းကောင်း၊ မုန်းလောင်ရွာရှိ ရန်ကွမ်းယု နေအိမ်အား ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးပြား ၃၉၂၀၄၀ ပြား ကာလတန်ဖိုး (၇၈၄၀.၈)သိန်း၊ ဘိန်းဖြူ (၅.၉၄)ကီလို ကာလတန်ဖိုး (၁၁၈၈) သိန်းတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် တပ်မတော်စစ်ကြောင်းများ၊ရဲတပ်ဖွဲ့များမူးယစ်တပ်ဖွဲ့များနှင့် ပြည်သူများပူးပေါင်း ဆောင်ရွက်မှုများ ကြောင့် ရှမ်းမြောက်ဒေသအတွင်းမူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများအတွက်ရက်ရာဇာ နေ့ရက်များမှ ပြဿဒါး နေ့ရက်များအဖြစ်သို့ ကူးပြောင်းလာခဲ့ကြောင်း ဖော်ပြလိုက်ပါသည်။
No comments:
Post a Comment