ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံ၌OIC ရုံးဖွင့်ခြင်း အလိုမရှိကြောင်းကို လားရှိုးမြို့ ရပ်ကွက် (၈)နေ ဦးတင်မောင်အေးနှင့် ကောင်းဆာရပ်နေ ဦးအောင်မော်တို့မှဦးဆောင်၍ ဒေသခံပြည်သူ ၁၀၀ ခန့်နှင့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့၊ နေ့လည် ၁ နာရီမှ ၂ နာရီထိ ငြိမ်းချမ်းစွာ စုဝေးဆန္ဒဖော်ထုတ်ခဲ့ ကြောင်း
သိရသည်။
ဆန္ဒဖော်ထုတ်သူများကို လာရောက်ကြည့်ရှုသူ ၁၀၀ဦးခန့် ရှိကြောင်းနှင့် ဆန္ဒ ဖော်ထုတ်သူများသည် “ OIC အလို မရှိ” “မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်ခြင်းကို အလိုမရှိ Get Out OIC” “ရိုဟင်ဂျာသည် တိုင်းရင်းသားမဟုတ်”စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီးOICအား လက်မခံကြောင်းကြွေးကြော်သံများနှင့် စုဝေး ဆန္ဒဖော်ထုတ်ခဲ့ပြီး ဦးတင်မောင်အေးနှင့် ဦးအောင်မော်တို့မှ လားရှိုးမြို့ဆန္ဒပြ ပြည်သူများ၏ သဘောထား ထုတ်ပြန်ချက်များအား Hand Speaker ဖြင့် ဖတ်ကြားခဲ့ပါသည်။
၎င်းသဘောထား ထုတ်ပြန်ချက်တွင် -
၁။ OIC အဖွဲ့၏ ဦးတည်ချက်ပါ အကြောင်းအရင်းကိုလက်မခံ။
၂။ လာရောက်ကူညီနေတာကို တားမြစ်နေတာမဟုတ်ဘူး၊ ကူညီမှုကို ဗန်းပြပြီးပြဿနာတွေ ယူလာမှာ၊ ပြဿနာတွေ ထားခဲ့မှာကို မလိုလား။
၃။ ဒုက္ခသည်တွေကို အကြောင်းပြုပြီး ရိုဟင်ဂျာတွေ တိုင်းရင်းသားဖြစ်ရေး အသက်သွင်းဖို့ကြိုးစားနေသော OIC အဖွဲ့ကို အလိုမရှိ။
၎။ ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေအတိုင်းဖြစ်ရမည်။
၅။ မြန်မာနိုင်ငံပြည်တွင်းရေးကို မည်သည့်နိုင်ငံ မည်သည့်အဖွဲ့မှ ၀င်ရောက်စွက်ဖက်ခွင့်မပြု။
၇။ OIC အလိုမရှိ (Get Out OIC ) စသည့်အချက်များပါဝင်ကြောင်း သိရသည်။
OIC (Organization of Islamic corporation အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့) အတွင်းရေးမှူးချုပ် Ekmeledin Ihsauoglu က ၂၀၁၃ခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့၌ ကုလသမဂ အတွင်းရေး မှူးချုပ်နှင့် တွေ့ဆုံစဉ်ရိုဟင်ဂျာအရေးဆိုင်ရာ ပြဌာန်းချက်ကို ပြင်ဆင်အကောင်အထည်ဖော်ရန် မြန်မာနိုင်ငံသို့ သွားရောက်မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့် ၁၉၈၂ခုနှစ် ဥပဒေကို ဖျက်ဆီးမည့် သဘောပြုလုပ်ခြင်းနှင့် ဒုက္ခသည်တွေကို အကြောင်းပြပြီး ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ရေး အသက်သွင်းဖို့ကြိုးစားခြင်းကိုလက်ခံမှာမဟုတ်ကြောင်းဆန္ဒဖော်ထုတ်သူတစ်ဦး က ပြောကြားသွား ပါ သည်။
No comments:
Post a Comment