
TNLA အဖွဲ့သည် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ည ၀၈၀၀ နာရီတွင် ချုံးရွာသစ်မှ နမ့်တွေရွာသို့ရောက်ရှိလာပြီးလူသစ်၁၀ဦးတောင်းခံရာမပေးသဖြင့်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ် ဒုတိယခေါင်းဆောင်ဖြစ်သူဦးချမ်းသာအားဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။
ဖမ်းဆီးခံရသော ဦးချမ်းသာအနေဖြင့် ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် နမ့်တွေကျေးရွာမှ လူသစ် ၅ဦး
မဖြစ်မနေလာရောက်ပို့ဆောင်ပေးပါမည်ဟုကတိပေးမှုကြောင့်လည်ကောင်း၊ ၄င်း၏ဇနီးသည်မှာ မွေးကင်း စ ကလေးငယ်နှင့် ဖြစ်နေ၍ အနူးအညွတ်တောင်းပန်မှုကြောင့် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။
သို့သော်လည်းရွာသူရွာသားများအနေဖြင့်လူသစ်စုဆောင်းခံရမည်ကိုစိုးရိမ်သောကြောင့်ထွက်ပြေးတိမ်း ရှောင် လျက်ရှိကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်၍ TNLA၏ ငြိမ်းချမ်းရေးနောက်ကွယ် လုပ်ရပ်များသည်တိုင်းရင်းသားလူမျိုးများအတွက်မုန်းတီးနာကြည်းစရာများ ဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြ အပ်ပေသည်။
No comments:
Post a Comment