Wednesday, November 27, 2013

ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တနေရင်း စိတ်ဓာတ်ကျဆင်းနေသော KIA တပ်သားများ ၏ စကားသံ

26 Nov 2013

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့်တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့၁၇ဖွဲ့တို့နိုဝင်ဘာလ(၄/၅)ရက်တွင် မြစ်ကြီးနား၌ 
 တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း     KIAတပ်ဖွဲ့မှလက်အောက်တပ်သားလေးများမှာ   တိုက်ပွဲများရပ်တန့်ဖို့
  မျှော်လင့်တောင့်တနေကြောင်းသိရ သည်။

KIA တပ်သားလေးများ၏ စကားသံများမှာ…..

 ရှေ့တန်းရောက်ကချင်တပ်သားလေးများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ ရလဒ်ကောင်းများကို မျှော် လင့်နေကြသည်။ KIA အကြီးအကဲများသည် အစိုးတပ်အား တိုက်ခိုက်ဖို့သာအမိန့်ပေးနေသည်။ “ ငါတို့ရှေ့တန်းရောက်ကချင်တပ်ဖွဲ့ဝင်များမှာစားရတာကမ၀တ၀၊ပိုက်ဆံကမလောက်ငှ၊တိုက်ပွဲများ ဖြစ်ပွားပြီး ဒဏ်ရာရတော့လည်း ဆေးကုသမှုမခံရဘဲ သွေးသံတရွဲရွဲနဲ့ နာကြင်အော်ဟစ် နေရကြောင်း ငါတို့ အဖြစ်တွေကို စိတ်ကုန်နေပြီဖြစ်ကြောင်း၊ မနေချင်၍ ထွက်ပြေးပြန်ရင်လည်း တွေ့ရင် ပစ်သတ်ခံရမည်၊ လွတ်အောင်ထွက်ပြေးရင်လည်းနောက်ကမိသားစုကိုဖမ်းတယ်။

 ရှေ့ဆက် တိုက်ရင်လည်းသေဖို့သာရှိတော့တယ်။သေတွင်းထဲတွန်းပို့နေကြတဲ့ကချင်လူကြီးတွေကို ရွံကြောက်ကြီး ဖြစ်နေပြီ ’’ ဟုလည်းကောင်း၊ အနားမပေး အစားမကျွေးဘဲ အခိုင်းခံနေကြရပုံကို ကြားသိခဲ့ရသည်။ 

ထို့ပြင် “ ဘာတွေပဲပြောင်းလဲ၊ ပြောင်းလဲ မင်းတို့ ငါတို့ကတော့ခိုင်းတဲ့အတိုင်း လုပ်ရုံပဲရှိတယ်။ အမှန်တကယ်လိုအပ်တာက အနားပေးဖို့ပဲ။ နေ့ရွှေ့ညရွှေနဲ့ အသက်တွေ တဖြည်းဖြည်း ကြီးလာတာပဲ ရှိတယ် ’’ဟု KIAတပ်ဖွဲ့ဝင် တပ်သားများ၏ ရင်ဖွင့်စကားသံများကို ၄င်းတို့နှင့် နီးစပ်မှုရှိသည့်ကချင် လူမျိုးတစ်ဦး၏ပြေပြချက်အရသိသည်။ 

လက်နက်ကိုင်အဖွဲ့အစည်းအားလုံးဆိုငြိမ်းချမ်းရေးကိုလိုလားကြသည်။တောင့်ကြသည်။ ငြိမ်းချမ်းရေး၏ အရသာကိုခံစားချင်ကြသည်။ထို့အတူKIAမှတပ်ဖွဲ့ဝင်များသည်လည်းငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တ ကြသည်။ ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တရင်း KIA တွင် အနိုင်ကျင့်၍ အကြောက် တရားဖြင့် အုပ်ချုပ်ခြင်း ခံနေရသော KIA တပ်သားများ၏ အဖြစ်အပျက်အား ဂရုဏာသက်မိကြောင်း ဖော်ပြသည်။

No comments:

Post a Comment