ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက် နေ မကေသီခိုင် နေအိမ်အား နိုဝင်ဘာလ ၁၉ ရက်နေ့က သက်သေခံများနှင့် အတူ ၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၅၀၀၀၀o ပြား ကာလတန်ဖိုး သိန်သုံးသောင်း ဖိုး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါး တရားခံဟုယူဆရသော (၆)ဦးအား တရုတ်နိုင်ငံ
ရွှေလီမြို့တွင် ထိန်းသိမ်းစစ်ဆေးချက်အရ မူဆယ်မြို့ဟိုမွန်ရပ်ကွက်နေအိမ်အား ၀င်ရောက်ရှာဖွေရာ မသင်္ကာသူ၎ ဦးအား တွေ့ရှိရပြီး ၄င်းတို့ ၄ ဦးအား မူဆယ်မူးယစ်ရုံးတွင်ရုံးတင် စစ်ဆေးလျက်ရှိပြီး မကေသီခိုင်အား စစ်ဆေး မေးမြန်ချက်အရ သူမ၏ နေအိမ် သော့အပ်နှံထားသည့် ဖြိုးဝေလင်းအား ခေါ်ဆောင်၍ သက်သေများနှင့်အတူ ဟိုမွန်ရပ်ကွက်နေ မကေသီခိုင် နေအိမ်အား ၀င်ရောက်ရှာဖွေရာ Xin Xing စီးကရက်ဖာ ၄ ဖာနှင့် ဂျပ်စက္ကူဖာ အတွင်းမှ မူးယစ်ဆေးဝါး သိန်းသုံးသောင်းကျော်ဖိုး ဖမ်းဆီးရမိကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တွင် မူးယစ်ဆေးဝါး သုံးစွဲ၊ ရောင်း/၀ယ်မှုများ ပပျောက်ရေးအတွက် စီမံချက်များ ချမှတ် အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment