Monday, December 2, 2013

တာချီလိတ်မြို့နယ် ၀မ်ပုံကျေးရွာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


3 Dec 2013

နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်း က တာချီလိတ် မြို့နယ်ရှိ လုံခြုံရေး အဖွဲ့များသည် သတင်းအရ ၀မ်ပုံကျေးရွာ အနီး လယ်ကွင်းဘေး ၀ါးရုံပင် အောက်ခြေ၌ တူးဖော် ရှာဖွေရာ မြေအနက် ၁ ပေခန့်တွင် အစိမ်းရောင် မိုးကာစ
 ပတ်ထားသောအမြင့်၃ပေခန့်ရှိ   ပလတ်စတစ်ပုံးအား  တွေ့ရှိခဲ့ပြီးအဆိုပါပလတ်စတစ်ပုံးအတွင်း မှ မြွေရေ ခွံအိတ် ဖြင့်ထုပ်ပိုးထားသောအေကေ၄၇သေနတ်တစ်လက်၊ ၄င်းကျည်အိမ်တစ်ခု၊အမ်၁၆သေနတ်တစ်လက် ၊  ၄င်းကျည်အိမ်တစ်ခု ၊ကျည် ၂၀ တောင့်၊  အာရ်ပီဂျီ ဒုံးသီး ၁၂ လုံး ၊   ပို့ကျည် ၁၂ တောင့် တို့အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment