Sunday, September 8, 2013

အမေရိကန် လေကြောင်းချီ ရဟတ်ယာဉ် တပ်ရင်း တောင်ကိုရီးယား၌ တပ်ဖြန့်မည်


9 September 2013

လက်နက် အပြည့်အစုံ တပ်ဆင်ထားသော Kiowa OH-58D အမျိုးအစား ကင်းထောက် ရဟတ်ယာဉ် အစင်း၃ဝ နှင့်    တပ်ဖွဲ့ဝင် ၃၈ဝဦး ပါဝင်သည့်အမေရိကန်ရဟတ်ယာဉ်ချီ    တပ်ရင်းတစ်ရင်းသည်  လာမည့်
  အောက်တိုဘာ၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Pyeongtaek မြို့ရှိ Humphreys အမေရိကန် စစ်အခြေစိုက် စခန်း၌ ပြန်လည် အခြေစိုက် တပ်ဖြန့်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၆ ရက် အင်တာနက် သတင်းတစ်ရပ်အရသိရသည်။


အဆိုပါ ရဟတ်ယာဉ်ချီ တပ်ရင်းကို ၂ဝဝ၈ ခုနှစ်တွင် အီရတ်စစ်ပွဲ အတွက် ကိုရီးယားနိုင်ငံမှ ရုပ်သိမ်းခဲ့ပြီး ၂ဝဝ၉ ခုနှစ်တွင် အမေရိကန်နိုင်ငံဝါရှင်တန်မြို့ရှိ စစ်အခြေစိုက် စခန်းတစ်ခု၌ ပြန်လည် အခြေစိုက် တပ်ဖြန့် ခဲ့ကြောင်းသိရသည်။ယခုကဲ့သို့ တောင်ကိုရီးယား နိုင်ငံတွင် ပြန်လည်အခြေစိုက်တပ်ဖြန်ရခြင်းမှာ တောင်ကို ရီးယား-အမေရိကန် ပူးပေါင်းတပ်ဖွဲ့များ အတွက် အရေးပေါ် အခြေအနေတွင် ဝေဟင် ကင်းထောက်ခြင်းနှင့် တုံ့ပြန် တိုက်ခိုက်ခြင်း တာဝန်တို့ကို အဓိကထား ထမ်းဆောင်ရန် အတွက် ဖြစ်ကြောင်း သိရသည်။ 


 အဆိုပါရဟတ်ယာဉ်ချီတပ်ရင်းသည်ပင်လယ်ဝါအတွင်းရှိ တောင်ကိုရီးယားပိုင်ကျွန်းစုများအား မြောက်ကို ရီးယားနိုင်ငံ၏ရုတ်ခြည်းကျူးကျော်သိမ်းပိုက်မှုမှကာကွယ်ရေး၊ပင်လယ်ဝါမှတစ်ဆင့် ဖြတ်ကျော်၍ မြောက်ကို ရီးယားကွန်မန်ဒိုတပ်ဖွဲ့များ၏ အလစ်အငိုက်စိမ့်ဝင်ထိုးဖောက်မှုတို့ကိုကြိုတင် ကာကွယ်ဟန့်တားရေးနှင့်   မြောက်ကိုရီးယားအထူးတပ်ဖွဲ့၏ရေကြောင်းမှတစ်ဆင့်စိမ့်ဝင်ထိုးဖောက်မှုမှန်သမျှကိုကြားဖြတ်တိုက်ခိုက်ရေး စသည့် တာဝန်များကိုလည်း ထမ်းဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment