Wednesday, January 1, 2014

ဂြိုဟ်သိမ်ဂြိုဟ်မွှားများကို ဖျက်မည့် ဒုံးလက်နက် ရုရှား တည်ဆောက်


2 Jan 2014

ရုရှားသမ္မတ နိုင်ငံသည် မိမိတို့ နေထိုင်ရာ ကမ္ဘာမြေအား   ဝင်ရောက်တိုက် မိနိုင်သည့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများ  အန္တ ရာယ်ကို ကာကွယ်နိုင်ရန် အတွက် ကြီးမားသည့် ဂြိုဟ်ဖျက် ဒုံးကျည်ပစ်စင်တစ်ခုကိုတည်ဆောက်  လျက် ရှိကြောင်း ဆင်ဟွာ သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ ဒုံး လက်နက် (ရော့ကက်)သည်ကမ္ဘာပတ်
  လမ်းကြောင်း အတွင်း ဝင်ရောက် လာသည့် ဂြိုဟ်သိမ် ဂြိုဟ်မွှားများကို ထိရောက်စွာဖြိုခွဲနိုင်မည်ဟုရုရှား၏    အာကာသ စွမ်းအင် ဆိုင်ရာ ကော်ပို ရေးရှင်းက ပြောကြားသည်။ 

အဆိုပါ ကမ္ဘာမြေကို အန္တရာယ်  ပေးမည့်   ဂြိုဟ်သိမ် ဂြိုဟ်မွှားများ   သို့မဟုတ် ၎င်းတို့နှင့် အတူ ပါလာသည့် သာမို နျူကလီယား ဓာတ်မှုန်များအား အဝေး သို့ လွှင့်စဉ် သွားစေရန်  ပစ်ခွင်းမည့် ရော့ကက် ဒုံးကျည်သည် အနည်းဆုံး တန်  ချိန် ၇၀ နီးပါး      ရှိရ မည် ဖြစ်ပြီး     လိုအပ် သလို  ရွှေ့ပြောင်း   ပစ်ခတ် နိုင် ရန်လည်း စီစဉ် တည်ဆောက်လျက် ရှိကြောင်း သိရသည်။

 ၂၀၀၄ ခုနှစ်က    ရှာဖွေတွေ့ရှိခဲ့တဲ့ အပိုဟစ်ဟု   အမည် ပေးထား သည့်  ဂြိုဟ်သိမ် တစ်ခု သည် ကမ္ဘာနှင့် တဖြည်းဖြည်း နီးကပ်လာပြီး   ၂၀၂၉ခုနှစ်မှာ   ကမ္ဘာနှင့်လကြားအကွာ   အဝေးရဲ့ ဆယ်ပုံတစ်ပုံထိ နီးကပ် လာမှာဖြစ်ပါတယ်။ 

ထို ဂြိုဟ်သိမ်နှင့်    ကျနော်တို့ ကမ္ဘာ တိုက်မိပါက   အင်အား ၁၇၀၀ Megaton ပြင်းအားရှိ    ဗုံးဖြင့် ဖောက်ခွဲ ခံရသကဲ့သို့ ရှိမည်ဟုသိပ္ပံပညာရှင်များက ပြောကြားသည်။RD171အင်ဂျင်တပ်ဆင်ထားတဲ့ရုရှား  ရော့ကက် ဒုံးကျည်ဟာ ဒီ ဂြိုဟ်သိမ်ကို ဖျက်ဆီး နိုင်မှာဖြစ်ပြီး ဒီ ရော့ကက် ဒုံးကျည်ကို လာမယ့် သုံးနှစ်မှ ငါးနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားမှာ ဖြစ်ကြောင်း သိရသည်။


MWD

No comments:

Post a Comment