Wednesday, January 22, 2014

ထိုင်းနိုင်ငံ အတွင်းရှိ ဆန္ဒပြမှုများအား ရဲတပ်ဖွဲ့မှ ထိန်းချုပ်နိုင်ခြင်း မရှိပါက စစ်ဘက်ကူညီမည်

23 Jan 2013

ထိုင်း ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာသည် ယာယီဝန်ကြီးချုပ် ရင်လပ်၏ ဗန်ကောက်မြို့ နှင့် ဗန်ကောက်မြို့ပတ်ဝန်းကျင် ပြည်နယ်များ၌ အရေးပေါ်အမိန့် ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ ထင် မြင်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် လက်ရှိ ဆန္ဒပြမှုအခြေအနေ
များကိုထိန်းချုပ်ကိုင်တွယ်နိုင်ခြင်းမရှိမှသာစစ်ဘက်မှဝင်ရောက်ထိန်းသိမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဇန်နဝါရီ ၂၂ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

 ထို့အပြင် အရေးပေါ်အမိန့် ထုတ်ပြန်ကြေညာခြင်းသည်အစိုးရ၏ ဆုံးဖြတ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရား ဖြစ်ပြီး အဆို ပါ အမိန့်အကျိုးသက် ရောက်စေရေးသည် ရဲတပ်ဖွဲ့၏ အဓိက တာဝန်ဖြစ်ကြောင်းနှင့် စစ်ဘက် အကူအညီကို လည်း တောင်းခံနိုင်ကြောင်း ဇန်နဝါရီ ၂၂ ရက် တွင် ဗိုလ်ချုပ်ကြီး ပရာယုဒ်က သတင်းထောက်များကို ပြောကြား ခဲ့သည်။ 

 စစ်ဘက်အနေဖြင့်အဖွဲ့ အစည်းအားလုံးကိုတန်းတူ ရည်တူဆက်ဆံသွားမည် ဖြစ်ပြီးစစ်ဘက်၏ အဓိက တာဝန်မှာ ပြည်သူများ၊ ပြည်သူပိုင်အဆောက်အအုံများနှင့်လုံခြုံရေးဝန်ထမ်းများအားကာကွယ်စောင့် ရှောက် ရန်ဖြစ်  ကြောင်း၊ အရေးပေါ်အမိန့်သည် အပြုသဘောဆောင်သော ရလဒ်များသို့မဟုတ်အကြမ်းဖက်မှုပိုမို   ဖြစ်ပွား လာ ခြင်းရှိ၊မရှိ နှင့် ပတ်သက်၍ စောင့်ကြည့်သွားမည် ဖြစ်ကြောင်းနှင့်ဆန္ဒပြမှုအခြေအနေများကို ထိန်းချုပ်နိုင်ခြင်းမရှိပါကစစ်ဘက်ရာက်ဖြေရှင်းပေးရန်လိုအပ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ထပ်လောင်း   ပြောကြားခဲ့သည်။ 

 ထို့အပြင် ပရာယုဒ်က ၎င်းအနေဖြင့် ရဲနှင့် အစိုးရအတိုက်အခံ ဆန္ဒပြသူများ အကြားရှိ လူမှုရေးဆိုင်ရာ ခွဲခြားမှု များနှင့် ပတ်သက်၍ စိုးရိမ်မိပါကြောင်း၊ အကြမ်းဖက်မှုပြုလုပ်ခြင်းကို ရှောင်ရှားခြင်းဖြင့် ပဋိပက္ခ များဖြစ်ပွားမှုကို ဖြေလျှော့ရန်နှင့်ဆန္ဒပြမှုအခြေအနေများကို ပြန်လည်ဖြေရှင်း ရေးအတွက် ဆွေးနွေးပွဲများ   ပြုလုပ်ရန် အဖွဲ့အ စည်းအားလုံးကို တောင်းဆိုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment