17 Jan 2013
ဗြိတိန်နိုင်ငံတွင်ဖွင့်လှစ်ထားပြီးလာရောက်အနှိပ်ခံသူများကို ပိုင်ရှင်ဖြစ်သူအက်ဇရေးဘာရက်ခ် မွေးမြူ ထားသည့် အရွယ်စုံ၊ အမျိုးအစားစုံ မြွေများဖြင့် နှိပ်ပေးသည်ဟု သိရသည်။
ဘာရက်ခ်၏ သူငယ်ချင်းများက ၎င်းမွေးမြူထားသည့် မြွေများကို ထိတွေ့မိသည့်အခါ ခံစားမှုတမျိုး ရရှိသည်ဟု ပြောကြားရာမှ ယခုကဲ့သို့
မြွေများအသုံးပြု၍ အနှိပ်ခန်း ဖွင့်လှစ်ရန် စိတ်ကူးမိခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အနှိပ်ခန်းသို့လာရောက်အနှိပ်ခံသူများကအရွယ်စုံသည့် မြွေများခန္ဓာကိုယ်ပေါ်မှာလူးလွန့်သွားလာနေသည့် လှုပ်ရှားသွားလာနေမှုကြောင့်အညောင်းအညာ ပြေစေသည်ဟုဆိုကြသည်။ မြွေများ၏ အရွယ် အစား အလိုက် အညောင်းပြေမှု မတူညီကြောင်း သိရပြီး အကောင်ကြီးပါက ပိုမို၍ အညောင်း ပြေစေနိုင်သည်ဟု သိရသည်။
ထို့ပြင်အခကြေးငွေအားဖြင့်လည်းအရွယ်အစား သေးငယ်သည့် မြွေများဖြင့်အနှိပ်ခံလျင်ပင် ပေါင်စတာလင် (၃၀)လောက်အထိ ပေးရပြီး အကောင်ကြီးပါက ဈေးပိုကြီးမည် ဖြစ်သည်။
ခန္ဓာကိုယ်ပေါ်၌ မြွေများ လူးလွန့် သွားလာနေသဖြင့် ပုံမှန်လူများအဖို့ အလွန် အသည်းယားစရာ ကောင်းမည်ဖြစ်သော်လည်း လာရောက် အနှိပ်ခံနေကျ လူများအဖို့မူ အဆင်ပြေကြကြောင်း သိရသည်။
No comments:
Post a Comment