17 Jan 2013
အမေရိကန် ပြည်ထောင်စုမှဆရာဝန်များသည်အမျိုးသမီးတစ်ဦး၏ဒူးခေါင်းအတွင်းမှ သေးငယ်သော ရွှေအပ် များ ရာပေါင်းများစွာ ရှာဖွေ တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ပုဒ်၏ ဖော်ပြချက် အရ သိရသည်။
အဆိုပါ ရွှေအပ်များကို အသက် ၆၅ နှစ်အရွယ်ရှိ တောင်ကိုရီးယား အမျိုးသမီး တစ်ဦး၏ ဒူးခေါင်း အတွင်းမှ
တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အမျိုးသမီးသည် ပြင်းထန်သော အဆစ်အမျက် နာကျင်ခြင်းကို ခံစား ခဲ့ရာမှ X-rays ရိုက်ကြည့် ခဲ့ရာတွင်သူမ၏ ဒူးခေါင်း အတွင်း၌ ရွှေအပ်များ ရှိနေခြင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း နယူး အင်္ဂလန် ဆေးသိပ္ပံ ဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။
ဖြစ်နိုင်ဖွယ် ရှိသည်မှာ အဆိုပါ အမျိုးသမီးသည် သူမ၏ ရောဂါအတွက် အပ်စိုက် ကုသမှု ခံယူ ခဲ့ရာတွင် အပ်စိုက် ကုသသူ များက သူမ၏ တစ်သျှူးများကို ဆက်လက် လှုံ့ဆော်မှု ပေးနိုင်ရန် ရည်ရွယ်၍ ၎င်းရွှေအပ် များကို ဒူးခေါင်းထဲတွင် ချန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း အဆိုပါ ဂျာနယ်တွင် ဖော်ပြထားသည်။
နယူး အင်္ဂလန် ဆေးသိပ္ပံ ဂျာနယ်၏ ဖော်ပြချက် အရ အဆစ်အမျက် ဝန်းကျင် တစ်လျှောက်တွင် ရွှေအပ် ကလေးများ ထည့်သွင်းခြင်းသည် အာရှ နိုင်ငံများတွင် အဆစ် အမျက် ရောဂါ ကုသရာ၌ အသုံးပြုသည့် ကုထုံးတစ်ရပ် ဖြစ်သည်ဟု သိရသည်။
No comments:
Post a Comment