SSA(ရွက်ဆစ်)အဖွဲ့များသည် လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားသော ယာဉ်များအား ဆက်ကြေးကောက်ခံခြင်းနှင့် ၄င်းတို့ကောက်ခံသော ဆက်ကြေးငွေ မပေးဆောင်ပါက ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
SSA(ရွက်ဆစ်)အဖွဲ့သည်ဇန်န၀ါရီလ၂၆ ရက်နေ့ကဆမ္မဆယ်ကျေးရွာအနီးတွင်လည်းကောင်း၊
ဇန်န၀ါရီလ
၂၇ ရက်နေ့က သီပေါမြို့နယ် မောင်ဖုန်းတောင်နှင့် ရေပူကြံခင်းကြားတွင်လည်းကောင်း ကုန်တင်ကား များအားတားဆီး၍ ဆက်ကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ၄င်းလမ်းပေါ်တွင် ကူးသန်း ရောင်းဝယ်မှု ပြုလုပ်နေသူ ခရီးသွားတစ်ဦး၏ ပြောပြချက်အရသိရသည်။
အဆိုးဆုံးမှာ SSA(ရွက်ဆစ်)အဖွဲ့များသည်ဇန်န၀ါရီလ ၂၇ ရက်နေ့ကသီပေါမြို့နယ် ကုန်းသာရွာ အ၀င်တွင် ကုန်ကား ၃ စီးအားတား၍ တောထဲသို့ခေါ်ဆောင်သွားပြီး ယာဉ်မောင်း တစ်ဦးအား ကားပေါ်မှ ဆွဲချကာ ပါးရိုက်ခြင်း၊ ထိုးကြိတ်နှိပ်စက်ခြင်းများပြုလုပ်ပြီး ငွေကျပ် သိန်း ၃၀ တောင်းခဲ့ကြောင်းသိရသည်။ ယာဉ်မောင်းမှ ပိုင်ရှင်မဟုတ်၍ ပေးရန် မရှိကြောင်း ပြောသောအခါ SSA(ရွက်ဆစ်)အဖွဲ့ မှ ယာဉ်ပိုင်ရှင် ဖုန်းနံပါတ်အား တောင်းယူဆက်သွယ်၍ ၄င်းတို့ တောင်းသောငွေ သိန်း(၃၀)နှင့် ကား ၃ စီးအား ၀၈၀၀ နာရီအရောက်လာရောက်လှဲလှယ်ရန် ပြောဆိုဆက်သွယ် ခဲ့ကြောင်းသိရသည်။
ယာဉ်ပိုင်ရှင်မှာ SSA(ရွက်ဆစ်)အဖွဲ့ ချိန်းဆိုထားသောနေရာသို့ အချိန်အနည်းငယ် နောက်ကျပြီးမှ ရောက်ရှိခဲ့ရာ SSA (ရွက်ဆစ်)အဖွဲ့မှ ယာဉ်ပိုင်ရှင်အား လက်နက်အားကိုးဖြင့် အနိုင်ကျင့် နှိပ်စက် စော်ကားခြင်းများ ပြုလုပ်၍ ကျပ်သိန်း ၂၀၀ ထိ တောင်းခံခဲ့ကြောင်းသိရသည်။ ယာဉ်ပိုင်ရှင်မှာ ၄င်းထံတွင် သိန်း ၂၀၀ မပါသော်လည်း ၄င်း၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်လာသောကြောင့် သီပေါမြို့နေသူ မိတ်ဆွေ တစ်ဦးထံမှ ချေးယူ၍ ၄င်းတို့ တောင်း သော ဆက်ကြေးငွေအား ပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ SSA(ရွက်ဆစ်)အဖွဲ့မှ ပြည်သူလူထုအပေါ် လက်နက်အားကိုးဖြင့် ခြိမ်းခြောက်နှိပ်စက် ဆက်ကြေး ကောက်ခံမှုများထပ်မံ ပြုလုပ်ခြင်းမရှိစေရေး လွတ်တော်သို့ တင်ပြဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းမြောက် ဒေသအတွင်း ကူသန်း ရောင်းဝယ်မှု ပြုလုပ်နေသူ တစ်ဦး၏ ပြောပြချက် အရ သိရသည်။
No comments:
Post a Comment