28 Jan 2014
ရှမ်းမြောက်ကွမ်လုံမြို့၊ချင်းရွှေဟော်ဂိတ်တွင်ဇန်န၀ါရီလ၂၄ရက်နေ့ကမူးယစ်ဆေးဝါး သိန်းရှစ်သောင်းကျော် ဖမ်းဆီးရမိစဉ်ထွက်ပြေးတရားခံယာဉ်မောင်း ကျော်နိုင်မှာနမ့်တိန်ချောင်းအတွင်း ဖြတ်ကူးစဉ် ပျောက်ဆုံးလျက် ရှိကြောင်းသိရသည်။ ၄င်းပျောက်ဆုံးသွားသောတရားခံယာဉ်မောင်းကျော်နိုင်အား ကွမ်လုံမြို့နယ် ရဲတပ်ဖွဲ့မှ
ပူးပေါင်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာဇန်န၀ါရီလ၂၇ရက်နေ့နံနက်၉နာရီမိနစ်၃၀တွင် ဖောင်ဆိပ် စစ်ဆေးရေး ဂိတ် တောင်ဘက် နမ့်တိမ်ချောင်း အတွင်း၌၄င်း၏အလောင်းအား တွေ့ရှိခဲ့ကြောင်းသိရ သည်။
ကျော်နိုင်၏ အလောင်းအား တာဝန်ရှိသူများမှ စစ်ဆေးမှု ပြုလုပ်ရာ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ခေါက်ပိုက်ဆံအိတ် ၊ ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင် ၁ ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းမှတ်ပုံတင်တွင် တွေ့ရှိချက်အရ တရားခံ ကျော်နိုင်၏ အမည်ရင်းမှာ ကျော်နိုင်ဦး ဖြစ်ပြီး (ဘ) ဦးစိုင်းကူးကူး ရပ်ကွက်(၄) မိုင်းကိုင်မြို့နယ် နေသူဖြစ်ကြောင်းသိရပြီး သေမှုသေခင်းအရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။
No comments:
Post a Comment