7 Jan 2013
SpiceGirlsအဖွဲ့အနေဖြင့် ပေါင်စတာလင်(၂၅)သန်းတန်ကမ်းလှမ်းမှု တစ်ခုအတွက် ပြန်လည်ပေါင်းစည်းရန် လိုလားနေသော်လည်း ဗစ်တိုးရီးယား ဘက်ဟမ်းကို ဆွဲဆောင်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။ လာ့စ်ဗီးဂက်စ်ဖျော်ဖြေပွဲအစီအစဉ် အတွက်နာမည်ကျော်ဗြိတိသျှအဆိုတော်အဖွဲ့ဝင် အားလုံးတစ်ပေါင်း
တစ်စည်းတည်းအတွက် ပေါင်
စတာလင် (၂၅)သန်းဖြင့် ကမ်းလှမ်းမှုတစ်ခု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ Spice Girlsအဖွဲ့သည် ဖျက်သိမ်းထားပြီး ဖြစ်သလို ဗစ်တိုးရီးယားကလည်း လက်ရှိ သူမ၏ ဖက်ရှင်ဒီဇိုင်နာ အလုပ်အတွက်သာ အာရုံစိုက်လိုသောကြောင့် သီချင်းပြန်ဆိုလိုစိတ် မရှိတော့ဟုမကြာသေး မီက အတိအလင်း ထုတ်ဖော် ပြောဆိုထားခဲ့သည်။
ထို့ကြောင့်လည်း ယခုနှစ်တွင် Spice Girlsအဖွဲ့ နှစ်(၂၀)ပြည့် အခမ်းအနား
အတွက် လာ့စ်ဗီးဂက်စ်တွင် ဖျော်ဖြေရန် ကမ်းလှမ်းမှု အထမြောက်မည်၊ မမြောက်မည် မရေရာဘဲ ဖြစ်နေကြောင်း သိရသည်။
ပွဲစီစဉ်သူများဘက်မှလည်း ယခုအစီအစဉ်တွင် ဗစ်တိုးရီးယား အနေဖြင့် မဖြစ်မနေ ပါဝင်ရမည်ဟု အဆိုပြုထားကြောင်းလည်း သတင်းထွက်နေသည်။ Spice Girlsအဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက "တကယ်တော့ လာ့စ်ဗီး
ဂက်စ်မှာ Spice Girlsအဖွဲ့ စုပေါင်းဖျော်ဖြေမှုတစ်ခု လုပ်လိုက်ရင် ဒေါ်လာ သန်း(၁၀၀)လောက် အသာလေး ရနိုင်ပါတယ်။ ဒါကြောင့် သီတင်းပတ် နည်းနည်းလောက် ဖျော်ဖြေမှုအတွက် ပေါင်စတာလင် (၂၅)သန်းလောက် ကမ်းလှမ်းမှုမျိုး ရှိလာတာ မဆန်းပါဘူး"ဟု ပြောကြားခဲ့သည်။
Spice Girlsအဖွဲ့တွင် Posh Spiceဟု အမည်ပြောင် သတ်မှတ်ထားသည့် ဗစ်တိုးရီးယား အနေဖြင့် ယင်းကမ်းလှမ်းမှုကို စိတ်ဝင်စားမည့် အခြေအနေမျိုး ရှိမရှိ မည်သည့် အရိပ်အယောင်မျှ မပြသသေးဟုလည်း ဆိုသည်။
ဗစ်တိုးရီးယား၏ မိတ်ဆွေတစ်ဦးကမူ "သူကတော့ တခြားအဖွဲ့ဝင်တွေချည်း
ဖျော်ဖြေကြတာကို ဝမ်းမြောက်ဝမ်းသာ အားပေးမယ့်သူပါ။ ဒါပေမဲ့ ပြဿနာ
က ကမ်းလှမ်းတဲ့ဘက်ကလည်း Poshကို ပါစေချင်နေတယ် ဆိုတာပါပဲ"ဟု မှတ်ချက်ပြုသွားခဲ့သည်။
No comments:
Post a Comment