Thursday, January 9, 2014

ကွတ်ခိုင်မြို့တွင် ယာဉ်တိုက်မှုကြောင့် လူသေဆုံး

10 Jan 2014
ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးကျေးရွာ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် သန်းဦးမောင်နှင်လာသော ခရီး သည်တင် ဗင်ကားဖြင့် လိုက်ပါလာသူ ဒေါ်ရှောက်ကျိန် (၉၀)နှစ် သည် ယာဉ်ရပ်နားစဉ် လမ်း၏ တဖက်သို့ အပေါ့သွားကာ လမ်းပြန်လည်ဖြတ်ကူးလာစဉ် မူဆယ်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် လိုက်ထရပ် ယာဉ်မှ ၀င်ရောက်တိုက်ခိုက်မိခဲ့ကြောင်းသိရသည်။

 ယာဉ်တိုက်မှုကြောင့် ဒေါ်ရှောက်ကျိန် မှာ ဒဏ်ရာများရရှိပြီး ကွတ်ခိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်းသိရသည်။ ဒေါ်ရှောက်ကျိန်သည် အမှတ်(၄၅) ရပ်ကွက်(၂) သိန်းနီလမ်း လားရှိုးမြို့ နေသူဖြစ်ပြီး လိုက်ထရပ်မောင်းနှင်လာသည့် ယာဉ်မောင်း ကျော်ကိုအား ကွတ်ခိုင် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်းလည်း သိရသည်။

No comments:

Post a Comment