Friday, January 24, 2014

စိတ်ကြွဆေးပြား ၁၂ သိန်းနှင့် ICE များဖမ်းဆီးရမိ

24 Jan 2013


၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီအချိန် အမှတ်(၂၂)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မူဆယ်)မှ တပ်ဖွဲ့ဝင်များနှင့် ကွတ်ခိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မူးယစ်းဆေးဝါး သတင်းအရသက်သေများနှင့်အတူကွတ်ခိုင်တာမိုးညဲသွားလမ်း၊နမ့်ဟူးကျေးရွာအဝင်လမ်းမပေါ်တွင် စောင့် ဆိုင်းနေစဉ် တာမိုးညဲမှကွတ်ခိုင်သို့ မူဆယ်မြို့၊ ခိုဝိန်းရပ်ကွက်နေ စီထင်ကွေ့(၃၉)နှစ်မောင်းနှင်ပြီး  ကုန်းကြမ်း
 မြို့နယ်၊ မန်ဟွေ့ ကျေးရွာနေ လောက်စန်း(၃၀)နှစ် လိုက်ပါလာသည့် YGN/---- TOYOTA HILUX VIGO KUN2 အနက်ရောင်ယာဉ်အား ရပ်တန့် စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ယာဉ်၏ နောက်ခန်းထိုင်ခုံ အောက်အံဝှက် အတွင်းမှ မိုင်းကိုင် စက္ကူဖြင့်ထုပ်ထားသည့် အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ် အတွင်းမှ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၁ ထုပ်လျှင် ၂၀၀ ပြားစီပါ (၁၀)ထုပ်စည်း (၅၈၅)ထုပ်၊ ဆေးပြား(၁၁၇၀၀၀၀)ပြား၊ 88 နှင့် 1 စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား ၁ ထုပ်လျှင် ၂၀၀ ပြားစီပါ(၁၀)ထုပ်စည်း(၁၅)ထုပ်၊ ဆေးပြား (၃၀၀၀၀)ပြား၊ စုစုပေါင်းဆေးပြား (၁၂)သိန်း၊ တန်ဘိုးငွေကျပ်သိန်း (၂၄၀၀၀)၊ ICE ဟုယူဆ ရသော အဖြူရောင်အခဲ အလေးချိန် (၃၅၀)ဂရမ်ခန့်ပါ ၁ ထုပ်၊ တန်ဘိုးငွေကျပ် (၅၂၅၀၀၀ဝိ/-)တို့အား တွေ့ရှိ သိမ်းဆည်း ရမိသဖြင့် စီထင်ကွေ့နှင့် လောက်စန်းတို့ ၂ ဦးအား ကွတ်ခိုင်မြို့မရဲစခန်း မယ(ပ)၁၈/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment