Thursday, January 23, 2014
SSA (၀မ်ဟိုင်း)အဖွဲ့၏ လုပ်ရပ်များအကြောင့် ဆုပ်လည်းဆူး စားလည်းရှုး ဘ၀ နှင့် ရင်ဆိုင်နေရသော ဒေသခံရှမ်းလူမျိုးများ
23 Jan 2014
SSA (၀မ်ဟိုင်း)အဖွဲ့မှ နယ်မြေ (၁၀) နယ်မြေမှူး ချင်းဝိ၏ စေခိုင်းချက်အရ သီပေါမြို့နယ်၊ မိုင်းလင်း ကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်၌ ရွာသူ/ရွာသားများအားခေါ်ယူ၍ ရှမ်းဘာသာဖြင့်ရေးသား ထားသောစာများအားဖြန့်ဝေခဲ့ကြောင်းသိရသည်။
SSA (ဂမ်ဟိုင်း)အဖွဲ့၏ တရားဥပဒေမဲ့အကြောက် တရားများဖြင့် အုပ်ချုပ်ထားမှုကြောင့် ရှမ်းလူမျိုးများမှာ တစ်အိမ်ထောင် သား ၁ ယောက် မဖြစ်မနေ စစ်မှုထမ်းဆောင်နေရပြီး ၄င်းအိမ်ထောင်စုများအနေဖြင့် အခွန်ကြေးတစ်ဝက် ပေးဆောင်ရသည့်အပြင်အလှည့်ကျ ကင်းစောင့်ဆက်သားလည်း စေလွှတ် ပေးရ   ကြောင်းသိရသည်။
၎င်းအပြင်SSA(၀မ်ဟိုင်း)၏သဘောဆန္ဒအလျောက် ချမှတ်ထားသောစည်းမျဉ်း တစ်ခုကြောင့် ဒေသခံ များမှာ ဆုပ်လည်းဆူး၊ စားလည်းရှုး အခြေအနေဖြင့် ဒုက္ခ ပင်လယ်ဝေလျက်ရှိပါသည်။ ဒေသခံရှမ်းလူမျိုး အများစုသည်ရိုးသားပြီးအေးချမ်းတည်ငြိမ်စွာ လုပ်ကိုင်စားသောက်လိုသူများဖြစ်ပါသည်။ သို့သော်လည်း ၄င်းတို့ဆန္ဒမပါဘဲ SSA (၀မ်ဟိုင်း) အဖွဲ့တွင်တာဝန်ထမ်းဆောင်ရန် အတင်းအဓမ္မ လူသစ်စုဆောင်း မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော မိသားစုများဘ၀မှာ ရင်နင့်စရာကောင်းလှပါသည်။ 
၎င်းတို့၏စည်းမျဉ်းတစ်ခုအနေဖြင့် SSA(၀မ်ဟိုင်း)အဖွဲ့တွင် တာဝန်မထမ်းဆောင်လို၍ ထွက်ပြေး တိမ်းရှောင်သူများ၏ ကျန်ရှိပစ္စည်း၊ အိမ်၊ ခြံ၊ လယ်မြေ၊ ပိုင်ဆိုင်ဆိုင်မှု များအား သိမ်းယူပြီး ၄င်းလယ်မြေ များကိုလည်း ကျေးရွာတွင်ကျန်ရှိသည့် ဆွေမျိုးများအနေဖြင့် လုပ်ပိုင်ခွင့် ရှိမည်မဟုတ်ကြောင်း သိရသည်။ထို့အပြင် အခြားသော ကျေးရွာများမှ ပိုင်ဆိုင်မှုကိုလည်း သိမ်းဆည်းပြီး အများပိုင် ဆောင်ရွက်မည်ဟု အကြောင်းပြကာSSA(၀မ်ဟိုင်း)အဖွဲ့ရေရှည် ရပ်တည်နိုင်ရေး၊ ဆက်ကြေးငွေတိုးပွားရေးအတွက်ရိုးသားသောရှမ်းလူမျိုးများအပေါ်အနိုင့်ကျင့်ဗိုလ်ကျစိုးမိုးမှုများ ပြုလုပ်နေ သည်မှာ သိသာထင်ရှားလှပါသည်။ 
ထိုကဲ့သို့SSA(၀မ်ဟိုင်း)အဖွဲ့၏ကိုယ်ချင်းစာတရားကင်းမဲ့သောဥပဒေမဲ့လုပ်ရပ်များကြောင့် ဒေသခံရှမ်းလူမျိုး များအနေဖြင့် ဒုက္ခအခက်အခဲများ  ကြုံတွေ့နေရကြောင်း ဖော်ပြလိုက်ပါသည်။
မိုင်းလင်းဒေသခံ
No comments:
Post a Comment