23 Jan 2013
ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်မှ ရှေးဟောင်းသမိုင်းဝင် ဘော်ကြို(မုဋ္ဌော) စေတီတော် မြတ်ကြီး၏ ၁၃၇၅ ခုနှစ် ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းပရေး ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက သီပေါမြို့နယ် အစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်၊ ဘော်ကြိုဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သီပေါတပ်နယ်၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်
ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
၎င်းနောက် ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးလှဝင်းမောင်က ပွဲတော်ကျင်းပရေး လုပ်ငန်း စီမံချက်ကို ဖတ်ကြား တင်ပြပြီး ယခုနှစ် သမိုင်းဝင် ဘော်ကြို ဘုရားပွဲတော်ကို မတ် ၁ဝ ရက်မှ ၁၅ ရက် အထိ ဘာသာရေးဆိုင်ရာ အခမ်းအနားများ၊ ရှမ်း/ မြန်မာ ဇာတ်သဘင်ပွဲများ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့၏ စင်တင် တေးဂီတများ၊ ခြင်းအလှခတ်နှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများ၊ ပထမအကြိမ် လားရှိုး-ကျောက်မဲ-နမ္မတူ-နောင်ချို-သီပေါ ဖိတ်ခေါ် ဘော်လီဘော အားကစားပြိုင်ပွဲများပါ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment