13 Jan 2014
နိုင်ငံတော်အစိုးရအနေဖြင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအားဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ လျှောက်လှမ်း လျက်ရှိပါသည်။သို့အတွက် နိုင်ငံရေးပါတီအသီးသီးမှထိပ်တိုက်ရင်ဆိုင်ရေးနည်းလမ်းများအား ရှောင်ရှားလျက် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ရှင်သန်ရေး နိုင်ငံ့တာဝန်များအား အုတ်တစ်ချပ် သဲတစ်ပွင့် ထမ်းရွက် လျက် ရှိပါသည်။
သို့သော်လည်း အသီးသီးသောနိုင်ငံရေးပါတီများနှင့် ကွဲပြားလျက်ရှိသည့် ဥက္ကဌ ဦးနေမျိုးဝေ ဦးဆောင်သော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်ရေးပါတီမှာတော့ “ငါးပွက်ရာ ငါးစာချ’’ သကဲ့သို့ လယ်ယာမြေ အသိမ်းခံရသော
တောင်သူများအား စည်းရုံးလျက်ရှိပါသည်။
၎င်းပါတီအနေဖြင့်သိမ်းဆည်းခံလယ်ယာမြေများအားစွန့်လွတ်မြေအဖြစ်ပြန်လည်ရရှိပါက တောင်သူများအား အသီးသီးခွဲဝေပေးမည်ဟု စည်းရုံး၍ လယ်ယာမြေတရားစွဲဆို စားစရိတ် တစ်ဦးလျင် ၅၀၀၀ိ/-ကျပ် အမှုရင်ဆိုင်ကြေးတစ်ဦးလျင် ၂၀၀၀ိ/-ကျပ်၊ သတင်းစာရှင်းလင်းပွဲနှင့် ပါတီရန်ပုံငွေ တစ်ဦးလျင် ၁၅၀၀ိ/-ကျပ် မြေသိမ်းခံတောင်သူများ၏သိမ်းဆည်းမြေ၁ဧက၅၀၀ိ/- ကျပ်နှုန်းဖြင့် ကောက်ခံလျက် နိုင်ငံရေး အမြတ်ထုတ် ဆောင်ရွက်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးကောက်ခံရရှိငွေ သိန်း ၂၀၀၀ ကျော်ရရှိခဲ့ပြီး လက်ရှိအခြေအနေတွင် မြေယာပြန်လည်မရရှိသော တောင်သူများမှ၎င်းပါတီအားဖြေရှင်းပေးရန် တောင်းဆို လျက်ရှိပါသည်။
ထို့သို့ ဦးနေမျိုးဝေ၏ မတူကွဲပြားပါတီမှာ ဆုပ်လည်းဆူး၊ စားလည်းရူးအခြေအနေတွင် ပါတီရုံး ဖွင့်ခွင့် ပေးထားသော နောင်ချို ၊ဆင်စုတောင်ရပ်ကွက် နယ်မြေ(၇) အမှတ် (၂၂) နေ ဒေါ်မြနှင်းဆီမှ အကြံကောင်း ဥာဏ်ကောင်းပေးလျက်ရှိပါသည်။
ဦးနေမျိုးဝေ၏ အကြံပေး ဒေါ်မြနှင်းဆီသည် နောင်ချိုဒေသ လယ်ယာမြေသိမ်းဆည်းခံ တောင်သူများဟု လက်မှတ် အတုများထိုး၍ တိုင်တန်းမှုများ ဆောင်ရွက်ခြင်း၊ နယ်မြေကျူးကျော် ခုတ်ထွင်ထွန်ယက်ခြင်း လုပ်ငန်းများအား နေ့စားအလုပ်သမားများ ငှားရမ်းဆောင်ရွက်ခြင်းများအား ပြုလုပ်လျက် ဟန်ပြ အသံကောင်း ဟစ်လျက် ရှိပါသည်။
အဆိုပါလုပ်ရပ်များအား သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ တားဆီးထိန်းသိမ်းလျက်ရှိသော်လည်း “ကိုကြီး”ဦးနေမျိုးဝေအတွက် နိုင်ငံရေးလုပ်ရင်းလူမှုရေးဇာတ်လမ်းများဖန်တီးနေသော ဒေါ်မြနှင်းဆီမှာ သွေးရဲ လျက်ရှိပေသည်။
တိုင်းပြည်အတွက် နိုင်ငံရေးလုပ်တာလက်ခံနိုင်သော်လည်း ဦးနေမျိုးဝေ၊ ဒေါ်မြနှင်းဆီကဲ့သို့ နိုင်ငံရေး ’’လုပ်စား” နေမယ်ဆိုရင်တော့ နောင်ချို ၊ ကျောက်မဲဒေသ အေးချမ်းတည်ငြိမ်ရေး ရှေးရှုလျက် နည်းလမ်း မျိုးစုံဖြင့်တားဆီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရပ်တန်းကမရပ်ပါကဦးနေမျိုးဝေ ကုတင်ပေါ်က ဆံညှပ်တစ်ချောင်း၏ ရာဇ၀င်နှင့် မြနှင်းဆီ ''ကိုကြီး'' ဇတ်လမ်းများအား မှတ်တမ်း ဓာတ်ပုံ များနှင့်အတူ ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ပြည်သူ/ပြည်သားအပေါင်း သိစေရန် နောင်ချိုသား ကျွန်တော်မှ ဖွင့်ဟ လိုက်ပါသည်။
နောင်ချိုသား
No comments:
Post a Comment