25 Jan 2014
SSA(၀မ်ဟိုင်း)၏ နှစ်ချုပ်အစည်းအဝေးအား ဗိုလ်ချုပ်အဆင့်ရှိ ပန်ဖဦးစီးပြီး၂၀၁၃ ဒီဇင်ဘာ ၂၃ ရက်နေ့မှ ၂၀၁၄ ဇန်န၀ါရီလ၁ရက်နေ့အထိSSPP/SSAဌာနချုပ်ဝမ်ဟိုင်းတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ အစည်း အဝေးတွင်၎င်းတို့အဖွဲ့ရေရှည်ရပ်တည်နိုင်ရေးအတွက်ရန်ပုံငွေရရှိအောင် ဆက်ကြေးငွေကောက်ခံခြင်း အား ပိုမိုလုပ်ဆောင်ရန်နှင့်လူသစ်ပိုမိုစုဆောင်းရရှိရေးတို့အားဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း SSA (၀မ်ဟိုင်း)
အဖွဲ့နှင့် နီးစပ်မှုရှိသော အသိုင်းအ၀ိုင်းမှ သိရသည်။
ထိုကဲ့သို့ ဆက်ကြေးပိုမို တိုးမြှင့်ကောက်ခံရန် ညွှန်ကြားမှုများကြောင့် ဇန်န၀ါရီလ ၁၈ ရက်နေ့က နားယုတ် ကျေးရွာတွင် SSA(၀မ်ဟိုင်း)အဖွဲ့မှတိုက်နယ်မှူး အဆင့်ရှိကျော်လိုင်းခေါင်းဆောင်၍ တိုက်နယ် ကော်မတီဝင် အာစိန္တ၊ ပေါဥာဏ်နှင့် လောပြောင်း တို့သည် ကျေးရွာလူကြီး ၂၅ ဦးဖြင့် အစည်း အဝေးပြုလုပ်ခဲ့ပြီး ၂၀၁၄ ခုနှစ်အတွင်းပိုင်ဆိုင်မှုများ အလိုက်ဆက်ကြေးပေးဆောင်ရန် သတ်မှတ် ပေးခဲ့ကြောင်း သိရသည်။ သတ်မှတ်ချက်တွင် -
- သစ်စက် ၁ စက် ၆ သိန်းကျပ်။
- လွှဆွဲစက် ၁ စက် ၁ သိန်းကျပ်။
- ကုန်စုံဆိုင် ၁ ဆိုင် ၁၂၀၀ ကျပ်နှင့် ဆန် ၈ ပြည်
- ဆိုင်ကယ် ၁ စီး ၆၀၀၀ ကျပ်။
- အရက်ဆိုင် ၁ ဆိုင် ၁၅၀၀၀ ကျပ်။
- ထုံးဖို ၁ ဖို ၅၀၀၀၀ ကျပ်မှ ၈၀၀၀၀ ကျပ် ထိ (အရွယ်အစားအလိုက်)
- မီးသွေး ၁ ဖို ၈၀၀၀၀ ကျပ်။
- ထော်လာဂျီ အသေး ၁ စီး ၃၀၀၀၀ ကျပ်။
- သရီးဂရောင်း ၁ စီး ၆၀၀၀၀ ကျပ်။
- လေးလုံးထိုး ၁ စီး ၈၀၀၀၀ ကျပ်။
ဒေသခံပြည်သူလူထုများအနေဖြင့် ပိုင်ဆိုင်မှုအလိုက် သတ်မှတ်ပေးထားသော ဆက်ကြေးငွေများအား ဇန်န၀ါရီလ ၃၀ ရက်နေ့နောက်ဆုံးထား၍ နမ္မတူမြို့နယ် ပန်လုံရွာနေ SSA (၀မ်ဟိုင်း)အဖွဲ့ အမာခံ ဘိုဥာဏ်ထံသို့ သွားရောက်ပေးသွင်းရန်ပြောကြားခဲ့ကြောင်း သိရသည်။
၂၀၁၃ခုနှစ်ဖေဖော်ဝါရီလ၁၉ရက်နေ့ကလည်းနမ္မတူမြို့ငွေရတာမန်းကားဂိတ်သို့ဆက်ကြေးတောင်းစာ ပေးပို့ ကောက်ခံပါသည်။ SSA (၀မ်ဟိုင်း)အဖွဲ့သည် ၄င်းတို့ဌာနချုပ်တွင် ပြုလုပ်ခဲ့သော နှစ်ချုပ် အစည်းအဝေး ပြုလုပ်ပြီး နောက်ပိုင်း ဆက်ကြေးကောက်ခံ လူသစ်စုဆောင်းမှုများ ပိုမိုလုပ်ဆောင် လာသောကြောင့် ဆင်းရဲ ချမ်းသာမရွေး ဒေသခံ ရှမ်းလူမျိုးများမှာ စိတ်သောက ရောက်နေရကြောင်း နမ္မတူ ဒေသခံ စိုင်းစည်သူ၏ ပြောပြချက်အရ သိရသည်။
စိုင်းစည်သူ
No comments:
Post a Comment