လောက်ကိုင်မြို့ တုံချိန် ရပ်ကွက်(၁) ဆွန်ခန်လမ်းရှိ တရာခံ လူကွယ်ရွင်နေထိုင်သော နေအိမ်အား ဇန်န၀ါရီလသတင်းဆက်စပ်ဖော်ထုတ်ချက်အရ၀င်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းကုတင်အောက်မှ ဘိန်းစိမ်းအမဲ (၆)ထုပ်၊ အလေးချိန် ၆ ကီလို ( ကာလတန်ဖိုး- ၇၂၀၀၀၀၀ိ/) ဘိန်းဖြူ ၁. ၄ ကီလိုဂရမ်
(ကာလတန်ဖိုး-၂၈၀၀၀၀၀၀ိ/-) YWဆေးပြား၂၀၀၀ပြား (ကာလတန်ဖိုး-၃၀၀၀၀၀၀ိ/) မတ်သာအဖက်တမင်း ၁၅ကီလိုဂရမ်(တန်ဖိုး၃၀၀၀၀၀၀၀၀ိ/-) နေအိမ်ခြံဝန်းအတွင်းမှ တိုယိုတာဖိုးဝှီးယာဉ်ပေါ်မှ မူးယစ်ဆေးဝါးချက် လုပ်ရာတွင်အသုံးပြုသည့်ဆိုဒီယမ်ဟိုက်ဒရောဆိုဒ်အဖြူ ရောင်ပုံဆောင်ခဲ၁၀၀ကီလိုဂရမ် နှင့် နေအိမ်ခြံဝန်း ကားဂိုဒေါင်အတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသောဂတ်စ်အိုး ၇ အိုး အား သိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။
ကွမ်လုံမြို့ ချင်းရွှေဟော် ဂိတ်တွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၈၀၀၀၀ ကျော်ဖိုး ဖမ်းဆီးရမိစဉ် စစ်ဆေးဖော်ထုတ်ချက်များအရကွင်းဆက်တရားခံလူကွယ်ရှင်(ခ)ကျန်ဟွာ(ဘ)ဦးလူရှောက်ခန်း နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။တာဝန်ရှိသူများပြောပြချက်အရ ရှမ်းမြောက်ဒေသအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်ရေးလုပ်ငန်းစီမံချက်များချမှတ်ပြီးယခုထက်ပိုမိုဖမ်းဆီးရမိအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment