ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်လုံမြို့ နမ့်ဟူးကျေးရွာအနီး ချင်းရွှေဟော် ဂိတ်တွင် မူးယစ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ကုန်တင်စင်တွင် ကုန်များစစ်ဆေးစဉ် မိုင်းကိုင်မြို့နေသူ ကျော်နိုင် မောင်းနှင်လာပြီး ယာဉ်နောက်လိုက် အောင်ဖေ လားရှိုးမြို့ ၊ ရပ်ကွက် ၁၂ နေသူ လိုက်ပါလာသော ယာဉ်အမှတ် YGN
4G4814
အားရပ်တန့်စစ်ဆေးရာ ၄င်းတို့တင်ဆောင်လာသော ပြောင်းဖူးအိတ်များအောက်ရှိ ဆာလာအိတ် ၂၁အိတ် အတွင်းမှ ၁ အိတ်လျင် ၁ ကီလိုပါ ဘိန်းညိုမှုန့်ဟု ယူဆရသော အထုပ် ၃၀ ထုပ် စုစုပေါင်း ၆၃၀ ထုပ်၊ ဆာလာအိတ် အ၀ါရောင် ၁၆ အိတ်အတွင်း ၁ အိတ်လျင် ၁ ကီလိုပါ ဘိန်းညိုမှုန့် ၂၅ ထုပ်၊ စုစုပေါင်း ၄၀၀ ထုပ်၊ စုစုပေါင်းအလေးချိန်၁၀၃၀ ကီလိုကာလတန်ဖိုး(၈၂၄ ၀၀၀၀၀၀၀)ကျပ်အား သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေနေစဉ် ယာဉ်မောင်း ကျော်နိုင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး လိုက်ခံဖမ်းဆီးရာ တရားခံမှာ နမ့်တိတ်ချောင်းအား ဖြတ်ကူးစဉ် ချောင်းအတွင်း ပျောက်ဆုံးလျက်ရှိကြောင်း ၄င်းထံမှ လက်ကိုင်ဖုန်း ၃ လုံးနှင့် မြန်မာကျပ်ငွေ ၈ သိန်းကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ တရားခံ ၂ ဦးအား ကွမ်လုံမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment