Tuesday, January 7, 2014

ရေစိုခံဖုန်း Huawei Honor 3


7 Jan 2013

ရေစိုခံဖုန်းများ၌ အသုံးပြုလေ့ရှိသည့် IP57 certifi ed နည်းပညာကို အသုံးပြုထားသောံ Huawei Honor 3 ဖုန်းကိုယခုအခါ ပြည်တွင်းဈေးကွက်အတွင်း၌ဝယ်ယူ ရရှိနိုင်ပြီ ဖြစ်ကာ ယင်းနည်းပညာကြောင့် ရေအောက် တစ်မီတာအနက် အထိ     ယူဆောင်     သွားနိုင်ပြီး ရေအောက် ထဲ၌    မိနစ်  ၃ဝ ကြာ အထားခံနိုင်ကြောင်း
 သိရသည်။ စွမ်းဆောင်ရည်ပိုင်းအနေဖြင့် 1.5 Quad Core Processor ထည့်သွင်း ပေးထားပြီး RAM 2 GB ပါဝင်ကာ အရည်အသွေးမြင့်သည့် HDR ပုံရိပ် ရိုက်ကူးနိုင်သည့် နောက်ကင်မရာ 13 MP နှင့် ရှေ့ကင်မရာ 1.3 MP ထည့်သွင်း ပေးထားသည်။ 

 မျက်နှာပြင်အရွယ်အစားမှာ ၄ ဒသမ ၇ လက်မရှိကာ ကြာရှည် အသုံးခံစေမည့်Li-lon 2150 mAh battery ကို အသုံးပြုထားကာ Android Version 4.2.2(Jelly Bean) ကို ထည့်သွင်း ပေးထားသောကြောင့် ၊ Storage ပိုင်းအနေဖြင့် 8 GB အထိ ထည့်ပေးထားကာ ဈေးနှုန်း အနေဖြင့် ငွေကျပ်၂၉၉၀၀၀ ၀န်း ကျင်သာရှိသည့်အတွက် ကိုင်ဆောင်ရန် အလွန် သင့်လျော် သော စမတ်ဖုန်းတစ်လုံးကြောင်း သိရသည်။

No comments:

Post a Comment