28 Jan 2013
ရှမ်းမြောက် ကွမ်လုံမြို့၊ ချင်းရွှေဟော်ဂိတ်တွင် ဇန်န၀ါရီလ ၂၄ ရက်နေ့က မူးယစ်ဆေးဝါး သိန်း ရှစ်သောင်းကျော် ဖမ်းဆီးရမိစဉ် ထွက်ပြေးတရားခံ ယာဉ်မောင်း ကျော်နိုင်မှာ နမ့်တိန်ချောင်း အတွင်း ဖြတ်ကူးစဉ် ပျောက်ဆုံးလျက် ရှိကြောင်း သိရသည်။
၎င်းပျောက်ဆုံးသွားသော တရားခံ ယာဉ်မောင်း
ကျော်နိုင်အား ကွမ်လုံမြို့နယ် ရဲတပ်ဖွဲ့မှ ပူးပေါင်းရှာဖွေမှုများ ပြုလုပ် ခဲ့ရာ ဇန်န၀ါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ တွင် ဖောင်ဆိပ် စစ်ဆေးရေဂိတ် တောင်ဘက် နမ့်တိမ်ချောင်းအတွင်း၌ ၄င်း၏ အလောင်း အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ကျော်နိုင်၏ အလောင်းအား တာဝန်ရှိသူများမှ စစ်ဆေးမှု ပြုလုပ်ရာ HUAWEI အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ ခေါက်ပိုက်ဆံအိတ် ၊ ယာဉ်မောင်းလိုင်စင်နှင့် မှတ်ပုံတင် ၁ ခုအား တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းမှတ်ပုံတင်တွင် တွေ့ရှိချက်အရ တရားခံ ကျော်နိုင်၏ အမည်ရင်းမှာ ကျော်နိုင်ဦး ဖြစ်ပြီး (ဘ) ဦးစိုင်းကူးကူး ရပ်ကွက် (၄) မိုင်းကိုင်မြို့နယ် နေသူဖြစ်ကြောင်း သိရပြီး သေမှုသေခင်းအရ အမှုဖွင့်အရေးထားကြောင်း သိရသည်။
No comments:
Post a Comment