Tuesday, January 7, 2014

ပြည်တွင်းနှင့် နိုင်ငံတကာတွင် GSM နှင့် WCDMA ဖုန်းများ နိုင်ငံမရွေး သုံးစွဲနိုင်ရန် ဆောင်ရွက်နေ

7 Jan 2014

မြန်မာနိုင်ငံအတွင်း GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူများ တခြားပြည်ပ နိုင်ငံများ သို့ရောက်ရှိနေချိန်နှင့်ပြည်ပမှအဆိုပါမိုဘိုင်းလ်ဖုန်းသုံးစွဲနေသော နိုင်ငံခြားသားများလည်း မြန်မာပြည်သို့   ရောက်ရှိ နေချိန်တွင်မိမိဖုန်းကိုအဆင်ပြေစွာ အသုံးပြုနိုင်ရန် စမ်းသပ်မှုများ လုပ်ဆောင်နေကြောင်း မြန်မာ့
ဆက်သွယ်ရေးလုပ်ငန်းမှသိရသည်။

 GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်းများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် ဒေသမရွေး ဆက်သွယ် အသုံးပြုနိုင်မည့် International Roaming စနစ်ကို ဝန်ဆောင်မှု ပေးနိုင်ရန် ပြီးခဲ့သည့် ၂ဝ၁၃ ဒီဇင်ဘာတွင် ပြင်သစ်နိုင်ငံ orange ကုမ္ပဏီနှင့် International Roaming service Agreement ကို စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့သည်။ 

 ပထမ အဆင့်၌ အာဆီယံ နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ဆက်သွယ်ရေး လုပ်ငန်းလုပ်သူ operater ၆၄ ဦး၏ GSM နှင့် WCDMA မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ သည် မြန်မာပြည်တွင် လာရောက် သုံးစွဲနိုင်မည်ဖစ်ကာထိုသို့အသုံးပြုနိုင်ရန်စက်မှုပိုင်းဆိုင်ရာစမ်းသပ်ချက်များကို ယခုအချိန်တွင်ဆောင် ရွက် လျက် ရှိနေပြီး သုံးစွဲနိုင်မည့် နေ့ ရက် အတိအကျကို အသိပေး ကြေညာသွားမည် ဖြစ်သည်။ ၂ဝ၁၄ ခုနှစ် အတွင်း၌ မြန်မာ့ ဆက်သွယ်ရေးမှ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့ အချက်အချာ မြို့ကြီးများနှင့် တခြား မြို့များတွင် 3G UMTS (Universal mobile Telephone) စနစ်များ ပါဝင်သည့် ဆင်းကတ် လေးသန်းကို ထပ်မံချထားပေး သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment